သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရှင် မအိမ့်ချစ်သူ ကို တောင်ကြီးမြို့နယ် စာရေးဆရာအသင်းဝင်များမှ ဉာဏ်ပူဇော်ခ ဂုဏ်ပြုငွေ နှင့် စာအုပ်စာပေ များ သွားရောက် လှူဒါန်းပေးခဲ့

သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရှင် မအိမ့်ချစ်သူ ကို တောင်ကြီးမြို့နယ် စာရေးဆရာအသင်းဝင်များမှ ဉာဏ်ပူဇော်ခ ဂုဏ်ပြုငွေ နှင့် စာအုပ်စာပေ များ သွားရောက် လှူဒါန်းပေးခဲ့
Published 21 June 2026

သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရှင် မအိမ့်ချစ်သူ ကို တောင်ကြီးမြို့နယ် စာရေးဆရာအသင်းဝင်များမှ ဉာဏ်ပူဇော်ခ ဂုဏ်ပြုငွေ နှင့် စာအုပ်စာပေ များ သွားရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ၊ ဇွန်လ ၂၁ ရက် ၊ မနက်ပိုင်း ၁၀ နာရီ ဝန်းကျင်တွင် တောင်ကြီးမြို့၊ ညောင်ဖြူစခန်း ရပ်ကွက် ၊ ရှိ အေးမြဂရုဏာ ဓမ္မရိပ်သာ ကျောင်းတိုက်တွင် တွေ့ဆုံလှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“သုတစုံလင် ဗုဒ္ဓဝင်ပြိုင်ပွဲတွင် ပထမဆုရှင် မအိမ့်ချစ်သူ ကို တောင်ကြီးမြို့နယ် စာရေးဆရာ အသင်းဝင် များ၊ စာပေချစ်သူများ ၊ ဒေသခံ စာပေ ဝါသနာ ပါသူများ စုပေါင်းပြီးတော့ လာရောက်ပြီးတော့ ဝန်းရံ ဂုဏ်ပြုပေးတဲ့ ပွဲဖြစ်ပါတယ်။ အသင်းပိုင် ငွေထဲက ၃ သိန်း ဂုဏ်ပြု ချီးမြှင့်ပေးပြီး ၊ စာအုပ် မျိုးစုံ ကိုလည်း ပေးအပ် ချီးမြှင့်ပေးခဲ့တယ်။ မိမိ တို့ ဆန္ဒအလျှောက် လှူဒါန်းထားကြတဲ့ အလှူရှင် တွေ လည်း စာအိတ် ၅ ခု နဲ့ ပေးအပ်ခဲ့တယ်။ စိတ်ဓါတ်ရေးရာ ခွန်အား ပေးခဲ့ပါတယ်။ စာပေ လေ့လာနိုင်ဖို့ အတွက် အကြောင်းအရာ လေးတွေလည်း လမ်းခင်းပေးခဲ့တယ်။ စာပေ နဲ့ ပတ်သက်ပြီးတော့လည်း အချိန်မရွေး အကူအညီ ဆောင်ရွက်ပေးသွားမယ်လို့လည်း ပြောခဲ့တယ်”ဟု တောင်ကြီးမြို့နယ် စာရေးဆရာ အသင်း ဥက္ကဌ ခင်(တောင်ကြီး) က ပြောသည်။

တောင်ကြီးမြို့နယ် စာရေးဆရာအသင်း မှ မအိမ့်ချစ်သူ အတွက် အလှူငွေ ၃ သိန်းကျပ် နှင့် စာအုပ် စာပေများကို ပေးအပ်လှူဒါန်းခဲ့ကာ ၊ ဂုဏ်ပြုလက်မှတ်ကိုလည်း ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သာ(တောင်ကြီး)

Most Read

Most Recent