တောင်ကြီးမြို့နယ် တောင်လေးလုံးရှိ စက်သုံးဆီဆိုင်နှစ်ဆိုင်နှင့် တောင်လေးလုံးနှင့် ဟဲဟိုးကြား ပြည်ထောင်စုလမ်းမကြီးတို့တွင် မိုင်းပေါက်ကွဲခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် တောင်လေးလုံးကျေးရွာရှိ DANKO စက်သုံးဆီဆိုင်နှင့် LUCKY GREEN LAND စက်သုံးဆီဆိုင်တို့ ၏ အနီး၌ လည်းကောင်း ၊ တောင်လေးလုံးနှင့် ဟဲဟိုးမြို့ကြားရှိ မိုင်တိုင် ၉၆/၉ရကြားပြည်ထောင် စုလမ်းမကြီးတို့၌ လည်းကောင်း နေရာ(၃) ခုတို့တွင် (ဇွန်၂၀) ရက် ညပိုင်းက မိုင်း (၃)လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
အဆိုပါပေါက်ကွဲမှုမှာ DANKO စက်သုံးဆီဆိုင်အနီးဆိုင်မြောက်ဖက်အုတ်တံတိုင်း ပေ(၃၀)ခန့် အကွာ ရထားလမ်းနှင့်ကပ်လျက် ငါးပေအကွာခန့် တွင်ဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် ဆိုင်၏ အဆောက်အအုံ မျက်နှာကျက် ၊တံခါးနှင့် မှန်များ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း၊ ထို့အတူLUCKY GREEN LAND စက်သုံးဆီဆိုင်တွင် ဆိုင်၏ အ နောက်မြောက်ထောင့် အုတ်တံတိုင်းအပြင်အောက်ခြေ၌ မိုင်းပေါက်ကွဲခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် (၁၀)ပေခန့် အုတ်တံတိုင်း တစ်ခန်း ပြိုကျပျက်ဆီးခြင်း အမျိုးသမီး အိမ်သာ မျက်နှာကျက် ပျက်စီးခြင်းကြောင်းနှင့် တောင်လေးလုံးနှင့် ဟဲဟ်ိုးမြို့ကြားရှိ မိုင်တိုင် ၉၆/၉၇ ကြားရှိ ပြည် ထောင်စုလမ်းမကြီး(၄)လမ်းသွား၏ ရေထွက် မြောင်းပြွန်အတွင်းမှ မိုင်းပေါက်ကွဲခဲ့ပြီး မိုင်းပေါက်ကွဲမှုကြောင့် ယာဉ်လမ်းကြော တစ်ဖက် ပျက်စီးခဲ့ကြောင်း သိရသည် ။
ယင်း မိုင်းပေါက်ကွဲမှုများကြောင့် လူထိခိုက်ဒဏ် ရာရရှိခြင်း မရှိခဲ့ကြောင်း သိရသည် ။















