ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာနေ လေဖြတ်ထားသည့် အမျိုးသားတစ်ဦး  သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး

ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာနေ လေဖြတ်ထားသည့် အမျိုးသားတစ်ဦး  သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံး
Published 6 March 2024

ကျိုက်ထိုမြို့နယ် ကော့ဘိန်းကျေးရွာနေ လေဖြတ်ထားသည့် အမျိုးသားတစ်ဦးမှာ မတ်လ ၅ ရက်၊ မွန်းလွဲပိုင်းအချိန်က ၎င်း၏နေအိမ်အတွင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခံခဲ့ရကြောင်း ဒေသခံများ၏ ပြော ကြားချက်များအရ သိရသည်။

မတ်လ ၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်ကအဆိုပါကော့ဘိန်း ကျေးရွာ သို့ တညင်ချောင်ကျေးရွာဘက်မှ လက်နက် ကိုင်နှစ်ဦး မော်တော်ဆိုင်ကယ်နှင့် ကော့ ဘိန်းကျေးရွာ လေယာဉ်ကွင်းဟောင်းအနီးနေ အသက် (၅၀) နှစ်အရွယ် ဦးမင်းမင်း ဆိုသူ၏နေအိမ်ခြံဝင်းအတွင်းသို့ ရောက်ရှိလာပြီး ဦးမင်းမင်းအား ပစ္စတိုသေနတ်ဖြင့် ခုနစ် ချက် ခန့်ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “ ဦးမင်းမင်းက ထွက်ပြေးလွတ်မြောက်သွားတော့ သေနတ် သမားတွေက အိမ်ပေါ်ကိုတက်သွားပြီးတော့ ဦးမင်းမင်းရဲ့ အစ်ကိုဖြစ်သူ လေဖြတ်ထားတဲ့ အသက် (၅၅) နှစ်အရွယ် ဦးသင်းအောင် ကို သေနတ်နဲ့  သုံးချက်ပစ်ပြီးတော့ ဆိုင်ကယ် မောင်းပြီးထွက်ပြေးသွားတယ်။ ဦးမင်းမင်း ကို ဘာအကြောင်းနဲ့ သေနတ်နဲ့ လာပစ်လဲ ဆိုတာတော့ မသိဘူး” ဟု ပြောကြားသည်။

သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ဦးသင်း အောင်တွင် ဘယ်ဘက်ရင်အုံ ဖောက်ဝင် ဒဏ် ရာ တစ်ချက်၊ ညာဘက်ရင်ဘတ်ဖောက် ဝင် ဒဏ်ရာ တစ် ချက်၊ ညာလက်မောင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက် ရရှိခဲ့ပြီး အ ခင်းဖြစ်ရာနေရာ၌ပင် သေဆုံးခဲ့ရကြောင်း ၎င်းဒေသခံက ဆိုသည်။

သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သူ ဦးသင်းအောင်အား ဒေသအခြေစိုက် လူမှု ကူညီကယ်ဆယ်ရေးအဖွဲ့က ကျိုက်ထိုမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂ ရက် ညနေပိုင်း ကလည်း ကျိုက်ထိုမြို့နယ် မုက္ခမူကျေးရွာနေ ကြံ့ခိုင်ရေးပါတီဝင် ဦးကျော်ဝင်း ဆိုသူမှာ လည်း ၎င်းင်း၏နေအိမ်မှ လေးဖာလုံခန့်အကွာ လယ်ကွင်း အစပ်တွင် သေနတ်သမားနှစ်ဦး က သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် သေဆုံး ခဲ့ရသေးကြောင်း ဒေသခံများထံမှ သိရသည်။ 

Most Read

Most Recent