ကျိုက်ထိုမြို့နယ် တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ကျိုက်ထိုမြို့နယ် တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး
Published 24 March 2024

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၊ ကွင်းကလေးကျေးရွာအုပ်စု၊ တောင်ကလေးကျေးရွာအုပ်ချုပ်ရေးမှူး  ဦးစံလွင် မှာ (ယနေ့) မတ် ၂၄ ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

အသက် (၅၇) နှစ်အရွယ်ခန့်ရှိ ဦးစံလွင် မှာ တောင်ကလေးကျေးရွာနေအိမ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ မော်တော်ဆိုင်ကယ်ဖြင့် တစ်ဦးတည်း မောင်းနှင်သွားစဉ်  သေနတ်သမား  နှစ် ဦးမှ မော်တော် ဆိုင်ကယ်ဖြင့် နောက်မှ လိုက်လာ၍ ပစ္စတိုသေနတ် ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးကပြောကြားသည်။

၎င်းကဆက်လက်ပြီး "ဦးစံလွင် က သေနတ် လေး ချက်အပစ်ခံရတာလို့ သိရတယ်။ ဘယ်ဘက်နားထင် ဖောက်ထွက် ဒဏ်ရာ (၁) ချက်၊ ညာဘက်ပခုံးကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ကျောကုံးကျည်ဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ညာဘက်နားရွက် အောက်ဖောက်ဝင်ဒဏ်ရာ (၁) ချက် ရရှိခဲ့ပြီး အခင်းဖြစ်ရာ နေရာမှာဘဲ သေဆုံးခဲ့ပါတယ်" ဟု ပြောကြားသည်။

ဦးစံလွင် မှာ  တောင်က‌လေးကျေးရွာ အုပ်ချုပ်ရေးမှူး ဖြစ်သည့်အပြင် ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် တစ်ဦးလည်းကြောင်း ၎င်းဒေသခံက ဆိုသည်။

Most Read

Most Recent