ရန်ကုန်တိုင်းတွင် တိုင်းဒေသကြီးဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၀ ခု၊ လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးမဏ္ဍပ် တစ်ခုစီ၊ ခရိုင်/မြို့နယ်များတွင် ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် ၁၇၆ ခု၊ လမ်းလျှောက်သင်္ကြန် နှစ်ခုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်မည်

ရန်ကုန်တိုင်းတွင် တိုင်းဒေသကြီးဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁၀ ခု၊ လမ်းလျှောက်သင်္ကြန်နှင့် ဖျော်ဖြေရေးမဏ္ဍပ် တစ်ခုစီ၊ ခရိုင်/မြို့နယ်များတွင် ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် ၁၇၆ ခု၊ လမ်းလျှောက်သင်္ကြန် နှစ်ခုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်မည်
Published 4 April 2024

ရန်ကုန်တိုင်းတွင် တိုင်းဒေသကြီးဌာန ဆိုင်ရာ ရေကစားမဏ္ဍပ် ၁၀ ခု၊ လမ်းလျှောက် သင်္ကြန်နှင့် ဖျော်ဖြေရေးမဏ္ဍပ် တစ်ခုစီ၊ ခရိုင် / မြို့နယ်များတွင် ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစား မဏ္ဍပ် ၁၇၆ ခု၊ လမ်းလျှောက်သင်္ကြန် နှစ်ခုတို့ ဖြင့် စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက ပြော ကြားသည်။

ဧပြီ   ၁ ရက်က တိုင်းဒေသကြီး အစိုးရအ ဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည့် ရန်ကုန်တိုင်း ဒေသကြီးတွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်အောင် မြင်စွာ ကျင်းပနိုင်ရေး (ဒုတိယအကြိမ်) လုပ် ငန်းညှိနှိုင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်က ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ၂၀၂၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေး ဦးစီးကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းက မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို  ပြည်သူ့ရင်ပြင်၌ အများပြည်သူ ပျော်ရွှင်လွတ်လပ်စွာဖြင့် ပါဝင်ရေကစားနိုင်ရေး တိုင်းဒေသကြီးဌာနဆိုင်ရာ ရေကစားမဏ္ဍပ် ၁ဝ ခု၊ လမ်းလျှောက်သင်္ကြန် တစ်ခု၊ ဖျော်ဖြေရေးမဏ္ဍပ် တစ်ခု၊ မြို့တော်ခန်းမတွင် ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်အား ဆောင်ရွက်သွားမည်ဖြစ်ပြီး ခရိုင်/ မြို့နယ်များတွင် ဗဟိုမဏ္ဍပ် ၄၃ ခု၊ ရေကစားမဏ္ဍပ် ၁၇၆ ခု၊ လမ်းလျှောက်သင်္ကြန် နှစ်ခုတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ဆောင်ရွက်သွားမည်ဖြစ်ကာ ဖျော်ဖြေရေးအစီအစဉ်များ စတုဒီသာကျွေးမွေးမည့် အစီအစဉ်များ ပါဝင်ကြောင်းနှင့် မြို့တော်ခန်းမရှေ့ မဟာသင်္ကြန်မဏ္ဍပ်တွင် ဌာနဆိုင်ရာကိုယ်စားပြု ယိမ်းအဖွဲ့များ၊ ရုပ်ရှင်၊ ဂီတ၊ သဘင်အဖွဲ့များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များ၏ ဖျော်ဖြေမှုများဖြင့် နေ့စဉ်အလှည့်ကျဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက ပြည်သူရင်ပြင်တွင် ရေပိုက်လိုင်း တပ်ဆင်ထားရှိမှု၊ လမ်းလျှောက်သင်္ကြန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ယိမ်းအဖွဲ့များအား အခြားမဏ္ဍပ်များသို့ လှည့်လည်ကပြနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

၎င်းနောက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးနှင့် ဆုချီးမြှင့်ရေး လုပ်ငန်းကော်မတီ၊ မဏ္ဍပ်များ နေရာချထားရေးနှင့် ကြံ့ခိုင်မှုစစ်ဆေးရေး လုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးနှင့် ငွေစာရင်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ လူမှုရေးနှင့် ဘာသာရေးဆိုင်ရာ လုပ်ငန်းကော်မတီ၊ ကျန်းမာရေး လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး ပြန်ကြားရေးနှင့် သတင်းထုတ်ပြန်ရေး လုပ်ငန်းကော်မတီနှင့် ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများက လုပ်ငန်းကော်မတီအလိုက် ဆွေးနွေးတင်ပြခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက လုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများအနေဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက် အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်ကြရန် ပြောကြားသည်။

Most Read

Most Recent