ပြင်ဦးလွင်မြို့တွင်းသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်ခံရမှုတွင် စစ်တက္ကသိုလ်အတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် ဗိုလ်လောင်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပြင်ဦးလွင်မြို့တွင်းသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်ခံရမှုတွင် စစ်တက္ကသိုလ်အတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် ဗိုလ်လောင်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 15 April 2024

ပြင်ဦးလွင်မြို့တွင်းသို့ ရှော့တိုက်ဒုံးများ ပစ်ခတ်ခံရမှုတွင် စစ်တက္ကသိုလ်အတွင်း ကျရောက် ပေါက်ကွဲမှုကြောင့် ဗိုလ်လောင်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းနစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြင်ဦးလွင်မြို့အတွင်း ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ BBC သတင်းဌာန၏ မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားထားခြင်း ဖြစ်သည်။

အဓိကကတော့ အဲ့ဒီ စစ်တက္ကသိုလ်ထဲက စစ်တက္ကသိုလ်ထဲမှာလည်း လူနေရပ်ကွက် ရှိတယ်။ လူနေရပ်ကွက်ထဲကို ကျခဲ့တာရှိတယ်။ ဘုန်းကြီးကျောင်း ကျခဲ့တာရှိတယ်။ နေရာတွေက ကျွန်တော်ပြောခဲ့တဲ့ အတိုင်းပါပဲ၊ တစ်ခြားစီပဲ။ ဆေးရုံကြီး အရိုးကုသဆောင်မှာ ကျခဲ့တာ ရှိတယ်။ အရိုးကုသဆောင်မှာ ကျခဲ့တဲ့ဟာဆိုရင် အဆိုးဆုံးပါပဲ။ ပြည်သူ့ဆေးရုံမှာ တက်ရောက်ကုသမှု ခံယူနေတဲ့ အသက် ငါးနှစ်နဲ့ ကိုးနှစ်အကြား ကလေးငယ်တွေ အပါအဝင် လူနာနဲ့ ဆေးရုံဝန်ထမ်း (၁၁)ဦးလောက် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီ စစ်တက္ကသိုလ်မှာတော့ အရာရှိတွေပေါ့၊ အရာရှိ သေဆုံးတာ တော့ မရှိပါဘူး။ ဗိုလ်လောင်းတစ်ဦးကတော့ ထိခိုက်ဒဏ်ရာရရှိခဲ့တာတော့ ရှိပါတယ်’’ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြင်ဦးလွင်မြို့အတွင်းသို့ ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံးများသည် EAO များ လက်ထဲ၌ရှိသည့် ရှော့တိုက်ဒုံး အမျိုးအစားများဖြစ်ပြီး ယခင်ကထက် ပြန်လည်ပြုပြင်မွမ်းမံထားခြင်းကြောင့် ယခင်ကထက် ဝေးဝေးပစ်လာနိုင်သည်ကို တွေ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်းကပြီးရင်တော့ တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်တာဆိုတော့ နောက်မှာ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ အဓိကကတော့ NUG PDF အဖွဲ့ကပဲ လုပ်ဆောင်တာဖြစ်တယ်။ ယခင်တစ်ခေါက် ရှော့တိုက်ဒုံး သုံးလုံးလောက် ပစ်ခဲ့သေးတယ်။ အဲ့တုန်းကလည်း ပြည်သူတွေ အသုံးပြုနေတဲ့ လမ်းပေါ်မှာပေါ့၊ မန္တလေး-ပြင်ဦးလွင် ကားလမ်းပေါ်မှာ၊ ပြင်ဦးလွင်ကားလမ်းပေါ်မှာ ကျရောက်ပေါက်ကွဲခဲ့တာမျိုး ဖြစ်တယ်။ အဓိက နောက်ကွယ်ကနေ ပံ့ပိုးနေတာကတော့ EAO အဖွဲ့တွေပဲ။ EAO အဖွဲ့တွေဆိုတာ အများအားဖြင့်တော့ နောက်ကွယ်မှာ KIA နဲ့ TNLA အဖွဲ့တွေရှိတယ်ဆိုတာကိုတော့ သုံးသပ်ရတယ်။ ပြီးရင် တကယ်လက်တွေ့ ကိုင်တွယ်ပြီး အသုံးပြုပစ်ခတ်တဲ့နေရာမှာတော့ PDF အဖွဲ့တွေနဲ့ NUG အဖွဲ့တွေလို့ပဲ ကျွန်တော်တို့ သုံးသပ်ရပါတယ်’’ဟု ပြောကြားသည်။

ပြင်ဦးလွင်မြို့အတွင်းသို့ ရှော့တိုက်ဒုံးများနှင့်ပစ်ခတ်ခံရမှုဖြစ်စဉ်တွင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး() အတွင်းရှိ လူနေအိမ်အချို့၌ ကျရောက်ပေါက်ကွဲခဲ့ခြင်းရှိပြီး ဘုန်ကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်စဉ်တွင် ရဟန်းနှစ်ပါး ပျံလွန်တော်မူခဲ့ကြောင်းနှင့် အရပ်သားနှစ်ဦး သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ကျွန်တော်ပြောချင်တာကတော့ သတင်းတွေထဲမှာလည်း တွေ့နေရတာပဲ ဖြစ်တယ်။ အခုလို အချိန်မှာတော့ ကျွန်တော်တို့ ကာကွယ်ရေးနဲ့ လုံခြုံရေး တာဝန်တွေ၊ ဒီ နိုင်ငံတော်အတွက် တာဝန်တွေ၊ ဒီကမ္ဘာ့ဖြစ်စဉ်တွေရော၊ မြန်မာ့ဖြစ်စဉ်တွေရော၊ အခုအချိန်က နည်းနည်းလေး ရှုပ်ထွေးနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီလိုအချိန်မျိုးမှာ နိုင်ငံတော်အကြီးအကဲ တပ်မတော်အကြီးအကဲ အနေနဲ့ကတော့ ကွပ်ကဲလို့ ရရှိတဲ့နေရာမှာပဲရှိတယ်လို့ ကျွန်တော် ပြောချင်ပါတယ်။  ဒီနေရာတွေမှာရှိတဲ့ နယ်စပ်ဒေမှာရှိတဲ့ အရေးကြီး နေရာများကို ကျွန်တော်တို့အနေနဲ့ ပြန်လည်ပြီးတော့ လုံခြုံရေး၊ ကာကွယ်ရေးအရ ပြန်လည်ထိန်းချုပ် နိုင်အောင် ဆောင်ရွက်လျက်ရှိပါတယ်’’ ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားသည်။

ပြင်ဦးလွင်မြို့အတွင်းသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရမှုကြောင့် ပေါက်ကွဲမှုများအတွင်း အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းတွင် သီတင်းသုံးနေထိုင်သည့် ဘဒ္ဒန္တ တေဇာနန္ဒနှင့် ဒုလ္လဘရဟန်း တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ပြည်သူတစ်ဦး သေဆုံးခဲ့ကြောင်း၊ စံပါယ်ရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူတစ်ဦး သေဆုံးခဲ့ကာ ပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော အသက် ငါးနှစ်နှင့် ကိုးနှစ်အရွယ် ကလေးငယ်များအပါအဝင် လူနာနှင့် ဆေးရုံဝန်ထမ်း ၁၁ ဦးတွင် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent