နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်တို့တွင် နှစ်ရက်အတွင်း နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်

နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရှမ်း၊ ကယားနှင့် ကရင်ပြည်နယ်တို့တွင် နှစ်ရက်အတွင်း နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်
မန္တလေးမြို့ရှိ ဘုရားစေတီများသို့ သွားရောက်ဖူးမြော်သူများကို မတ်လ နောက်ဆုံးပတ်က တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)
မန္တလေးမြို့ရှိ ဘုရားစေတီများသို့ သွားရောက်ဖူးမြော်သူများကို မတ်လ နောက်ဆုံးပတ်က တွေ့ရစဉ် (ဓာတ်ပုံ-သက်ထွန်းအောင်)
Published 3 April 2024

နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ ရှမ်း၊ မကွေး၊ ပဲခူး၊ ကယားနှင့် ကရင်ပြည်နယ်တို့ တွင် နှစ်ရက်အတွင်း နေ့အပူချိန်များ အနည်း ငယ် တိုးလာနိုင်ကြောင်း ဧပြီ ၃ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနက ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင် ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေ ပြီး ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်း ငယ် ဖြစ်ထွန်းနေခြင်းကြောင့် ဧပြီ ၄ ရက် နံနက်ပိုင်းအထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) နှင့် ချင်းပြည်နယ်တို့တွင် နေ ရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကာ ရွာရန် ရာနှုန်း ၆၀ ဖြစ်ကြောင်း၊ မကွေးတိုင်းဒေသ ကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကယားပြည် နယ်တို့တွင် အများအားဖြင့် သာယာပြီး ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အ သင့်အတင့် ဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရ သည်။

မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အ တင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်သည် မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင် လယ်ပြင်တို့တွင် ငါးပေမှ ရှစ်ပေခန့်ရှိနိုင် ကြောင်း၊ လာမည့်နှစ်ရက်အတွင်း နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့၌ နေ့အပူချိန်များ အနည်း ငယ်တိုးနေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက် အရ သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်းက ကချင် ပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်းနှင့် ချင်းပြည်နယ်တို့ တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ ကြောင်း၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာ ယာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကြောင်း၊ နေ့အပူချိန်များသည် နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း) တို့တွင် ဧပြီလ ၏ ပျမ်းမျှအပူချိန်တို့ထက် သုံးဒီဂရီဆဲလ် စီးယပ်မှ လေးဒီဂရီဆဲလ်စီးယပ်အထိနှင့် ပဲခူး တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကယားပြည်နယ် နှင့် ကရင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်တို့ထက် နှစ်ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီ လ၏ ပျမ်းမျှအပူချိန်ခန့်သာရှိခဲ့ကြောင်း၊ ထူး ခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၅ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦးမြို့တွင် ၄၄ ဒီဂရီဆဲလ်စီးယပ်၊ မြင်းခြံမြို့၊ မင်းဘူးမြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် ၄၃ ဒီဂရီဆဲလ်စီး ယပ်စီ ဖြစ်ကြကြောင်း၊ မှတ်သားဖွယ်ရာ မိုး ရေချိန်များအနေဖြင့် ပူတာအိုမြို့နှင့် မချမ်း ဘောမြို့တို့တွင် သုည ဒသမ ၁၁ လက်မစီ ဖြစ်ကြကြောင်း သိရသည်။

Most Read

Most Recent