ဘူးသီးတောင်မြို့တွင် ဘင်္ဂါလီ များက တိုက်ပွဲအလိုမရှိဟု ဆိုကာ AA အဖွဲ့အား ဆန္ဒပြ

ဘူးသီးတောင်မြို့တွင် ဘင်္ဂါလီ များက တိုက်ပွဲအလိုမရှိဟု ဆိုကာ AA အဖွဲ့အား ဆန္ဒပြ
Published 21 March 2024

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့တွင် ဘင်္ဂါလီ များက တိုက်ပွဲအလိုမရှိဟုဆိုကာ AA အဖွဲ့အား မတ်လ ၁၉ ရက်က ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန္ဒပြရာတွင် မတ်လ ၁၉ ရက် ညနေ ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့ရှိ ရပ်ကွက်/ကျေးရွာများမှ  ဘင်္ဂါလီ ဦးရေ ၂၀၀၀ ကျော်သည် အဆိုပါမြို့ရှိ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှေ့၌ စုဝေးပြီး ၎င်းစုရပ်နေရာမှ မေယုလမ်းမ ကြီး - နတ်ပင်ရင်းလမ်းဆုံ - ဦးဥတ္တမလမ်းနှင့် နာရီစင် လမ်းဆုံအတိုင်း ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ချီတက်၍ ဆန္ဒဖော်ထုတ်ကြကာ ညနေ ၆ နာရီခန့်တွင်လူစုခွဲခဲ့ ကြောင်းသိရသည်။

အဆိုပါဆန္ဒပြပွဲတွင် AA အလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊ ဘူးသီးတောင်မြို့ကိုကာကွယ်ကြ၊ ကျွန်ုပ်တို့သည် ပြည်တွင်းစစ်ကိုမလိုလားပါ၊ ဒီနေရာတွင် မည်သည့်စစ်ပွဲမှ မပြုလုပ်ရ စသည့် ကြွေးကြော်သံများကို မြန်မာ/ဘင်္ဂါလီ နှစ်ဘာသာ ဖြင့် ကြွေးကြော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent