ကိုရီးယားလေဆိပ်တွင် တားမြစ်ကုန်ပစ္စည်းများအားတွေ့ရှိပါက ဒဏ်ကြေးငွေ ဝမ်တစ်သိန်းမှ ဝမ်သိန်း ၅၀ အထိတိုးမြှင့်လိုက်သည့်အတွက် E-9 မြန်မာလုပ်သားများအနေဖြင့် တားမြစ်ပစ္စည်းများ ယူဆောင်ခြင်းမပြုကြရန် ထုတ်ပြန်

ကိုရီးယားလေဆိပ်တွင် တားမြစ်ကုန်ပစ္စည်းများအားတွေ့ရှိပါက ဒဏ်ကြေးငွေ ဝမ်တစ်သိန်းမှ ဝမ်သိန်း ၅၀ အထိတိုးမြှင့်လိုက်သည့်အတွက် E-9 မြန်မာလုပ်သားများအနေဖြင့် တားမြစ်ပစ္စည်းများ ယူဆောင်ခြင်းမပြုကြရန် ထုတ်ပြန်
Published 1 March 2024

ကိုရီးယားလေဆိပ်တွင် တားမြစ်ထားသည့် လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများအား လုပ်သားများထံမှတွေ့ရှိပါက ဒဏ်ကြေးငွေအဖြစ် ဝမ်တစ်သိန်းမှ ဝမ်သိမ်း ၅၀ အထိ တိုးမြှင့်လိုက်သည့်အတွက် E-9 မြန်မာလုပ်သားများအနေဖြင့် တားမြစ်ပစ္စည်းများ ယူဆောင်လာခြင်းမပြုကြရန် EPS Center in Myanmar က သတင်းထုတ်ပြန်သည်။

ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်ကြမည့်  E-9 လုပ်သားများအား  HRDK(မြန်မာEPSစင်ဝာာ) နှင့် POEA(အလုပ်သမားပို့ဆောင်ရေးဌာန)တို့က “ လုပ်သားများ အင်ချောန်လေဆိပ်သို့ ရောက်ရှိသည်နှင့် ကိုရီးယားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရုံးဝာာဝန်ခံများမှ ယူဆောင်လာသည့် ခရီးဆောင်အိတ်များအား(တားမြစ်ပစ္စည်းများယူ‌ဆောင်လာခြင်း ရှိ/မရှိ) ထပ်မံစစ်ဆေးလျက်ရှိကြောင်း ’’ ကို လုပ်ငန်းခွင်အကြိုသင်တန်း‌ပို့ချသည့်အချိန်တွင် အပတ်စဉ် သတိပေးမှာကြားလျက်ရှိကြောင်း ၊ ထိုသို့ အကြိမ်ကြိမ် သတိပေးမှာကြားသော်လည်း  ကိုရီးယားလေဆိပ်၌ ဝာားမြစ်ထားသော  လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်ပစ္စည်းများယူဆောင်လာခြင်းကို အပတ်စဉ် ရှာဖွေစစ်ဆေးတွေ့ရှိနေရကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ယင်းကြောင့် အင်ချောန်လေဆိပ်ဝာာဝန်ရှိသူက အဆိုပါ ပစ္စည်းများအား သိမ်းယူခြင်း၊ ဒဏ်ကြေးငွေ ဝမ်၁သိန်းအတွင်း ဒဏ်ရိုက်ခြင်းများ ပြုလုပ်ခဲ့သော်လည်း ဆက်လက်ယူဆောင်လာခြင်းများ တွေ့ရှိနေရသဖြင့် ဒဏ်ကြေးငွေပမာဏအား ဝမ်တစ်သိန်း မှ ဝမ်သိန်း ၅၀ အထိ တိုးမြှင့်လိုက်သည်ဟု အသိပေးပြောကြား လာသည့်အတွက် ကိုးရီးယားနိုင်ငံသို့ ထွက်ခွါမည့် E-9 မြန်မာလုပ်သားများအနေဖြင့် အဆိုပါ တားမြစ်ပစ္စည်းများကို ကိုရီးယားနိုင်ငံသို့ ယူဆောင်သွားခြင်း (လုံးဝ)မပြုလုပ်ကြရန် အထူးသတိပေးအပ်ကြောင်း EPS Center in Myanmar က သတင်းထုတ်ပြန်သည်။

 

Most Read

Most Recent