ကန်ချနဘူရီနယ်စပ်မှ ထိုင်းနိုင်ငံအတွင်းသို့ ခုနစ်ရက်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၆၀ ကျော် ဖမ်းဆီးခံရ

ကန်ချနဘူရီနယ်စပ်မှ ထိုင်းနိုင်ငံအတွင်းသို့ ခုနစ်ရက်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၆၀ ကျော် ဖမ်းဆီးခံရ
Published 26 March 2024

ထိုင်းနိုင်ငံအတွင်းသို့ ဘုရားသုံးဆူ - ကန်ချနဘူရီ နယ်စပ်လမ်းကြောင်းမှတဆင့် တရားမဝင်ဝင်ရောက်သူ မြန်မာတိုင်ငံသားများ မတ် ၁၉ ရက်မှ မတ် ၂၅ ရက်ထိ ခုနစ်ရက်အတွင် ၁၆၈ ဦးထိ ဖမ်းဆီးခံခဲ့ရကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရ သိရသည်။

မတ် ၂၅ ရက် နံနက် ၇ နာရီခန့်က စစ်ဆေးရေးဂိတ်ကို ပတ်မောင်းနေသော ကားနှစ်စီးအား ဒေသအာဏာပိုင်များက တားဆီးစစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၅၀ ဦး ဖမ်းဆီရမိကာ ဖမ်းဆီးခံမြန်မာလုပ်သားများအား စံခလဘူရီရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အတူ မတ် ၂၃ ရက် ညနေ ၄ နာရီခန့်ကလည်း  ကန်ကျနဘူရီခရိုင် ပလန်(င်)ဖေလ်ကျေးရွာ အုပ်စု ၄ နယ်မြေရှိ တောစပ်တနေရာတွင် အထောက်အထားမဲ့မြန်မာအလုပ်သမား ၁၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

အလားတူ မတ် ၂၁ ရက် ည ၁၁ နာရီခန့်၊ မတ် ၂၂ ရက် နံနက် ၁နာရီအချိန်ခန့်တို့တွင်လည်း စံခလဘူရီနယ်စပ်၌ တရားမဝင်နယ်စပ် ဖြတ်ကျော်လာသည့် မြန်မာအလုပ်သမား ၃၅ ဦးတို့ကို ဒေသခံအာဏာပိုင်များက တွေ့ရှိဖမ်းဆီးရမိကြောင်း သိရသည်။

မတ် ၁၉ ရက်ကလည်း ပစ်ကပ်ကားလေးစီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၆၆ ဦးကို ကန်ချနဘူရီနယ်စပ်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှ လာသောသတင်းများအရ သိရသည်။

မြန်မာမိုင်ငံအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေ ပြထမ်းပြီးနောက် အိမ်နီးချင်းထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်သူပိုမိုများပြားလာပြီး ကန်ချနဘူရီနယ်စပ်တွင် မြန်မာနိုင်ငံသားများ နေ့စဉ်နီးပါး ဖမ်းဆီးခံနေရကြောင်း သိရသည်။

Most Read

Most Recent