မြန်မာနိုင်ငံသည် လေးနှစ်တာအတွင်း ကျောက်မျက်၊ ရွှေ ရောင်းဝယ်သူများ၊ အိမ်ခြံမြေ ကဏ္ဍတို့ကို ဆုံးရှုံးနိုင်ခြေ အခြေပြု ကြီးကြပ် စစ်ဆေးခြင်း အပါအဝင် ရလဒ်ငါးခုတွင် FATF ၊ APG ၏ အကြံပြုချက်များကို  ကြီးမားစွာ လိုက်နာဆောင်ရွက်ခြင်း အဆင့်သို့ တိုးမြှင့်ရရှိ

မြန်မာနိုင်ငံသည် လေးနှစ်တာအတွင်း ကျောက်မျက်၊ ရွှေ ရောင်းဝယ်သူများ၊ အိမ်ခြံမြေ ကဏ္ဍတို့ကို ဆုံးရှုံးနိုင်ခြေ အခြေပြု ကြီးကြပ် စစ်ဆေးခြင်း အပါအဝင် ရလဒ်ငါးခုတွင် FATF ၊ APG ၏ အကြံပြုချက်များကို  ကြီးမားစွာ လိုက်နာဆောင်ရွက်ခြင်း အဆင့်သို့ တိုးမြှင့်ရရှိ
Published 10 June 2024

မြန်မာနိုင်ငံသည် လေးနှစ်တာအတွင်း ကျောက်မျက်၊ ရွှေရောင်းဝယ်သူများ၊ အိမ်ခြံမြေကဏ္ဍတို့ကို ဆုံးရှုံးနိုင်ခြေအခြေပြု ကြီးကြပ်စစ်ဆေးခြင်းအပါအဝင် လက်ငင်းရလဒ်ငါးခုတွင် FATF၊ APG ၏ အကြံပြုချက်များကို  ကြီးမားစွာ လိုက်နာဆောင်ရွက်ခြင်း  အဆင့်သို့ တိုးမြှင့်ရရှိခဲ့ကြောင်း ဇွန် ၉ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (AML/CFT) လုပ်ငန်းများနှင့် လူအများအပြားသေကျေစေသည့်လက်နက်များ ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းများကို ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ စံသတ်မှတ်ချက်များနှင့် အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (APG)၏ အကြံပြုချက်များအတိုင်း စဉ်ဆက်မပြတ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

အဆိုပါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ တိုးတက်မှုအစီရင်ခံစာများအားပြုစုပြီး အာရှ-ပစိဖိတ်ပူးတွဲအဖွဲ့(Asia Pacific Joint Group-APJG)ထံသို့ လေးလတစ်ကြိမ် ပေးပို့ခြင်း၊ ယင်းအဖွဲ့၏ မျက်နှာချင်းဆိုင် အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့များ တက်ရောက်၍ APJG မှ အကဲဖြတ်သူများ၏ အကြံပြချက်များနှင့်အညီ ရှင်းလင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ရလဒ်ကောင်းများအနေဖြင့် ၂၀၂၁ ခုနှစ်တွင် လက်ငင်းရလဒ် နှစ်ခုဖြစ်သည့် ငွေရေးကြေးရေးမဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးကျောင်းလုပ်ငန်းများအတွက် ကြီးကြပ်ရေးအာဏာပိုင်များ လုံလောက်စွာ ခန့်အပ်ခြင်းနှင့် ဘဏ်များအား ကြီးကြပ်စစ်ဆေးခြင်း၊ ၂၀၂၂ ခုနှစ်တွင် လက်ငင်းရလဒ်တစ်ခုဖြစ်သည့် လူအများအပြား သေကြေစေသည့်လက်နက်များ ပြန့်ပွားရေးကိုငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး(PFTFS) အတွက် ကြီးကြပ်ရေးအာဏာပိုင်များအား သင်တန်ပေးခြင်း၊ ၂၀၂၃ ခုနှစ်တွင် လက်ငင်းရလဒ်တစ်ခုဖြစ်သည့် PFTFS အတွက် သတင်းပို့အဖွဲ့အစည်းများအား အသိပညာပေးခြင်းများနှင့် ကြီးကြပ်စစ်ဆေးခြင်း၊ ၂၀၂၄ ခုနှစ်တွင် လက်ငင်းရလဒ်တစ်ခုဖြစ်သည့် ကျောက်မျက်၊ ရွှေရောင်းဝယ်သူများ၊ အိမ်ခြံမြေကဏ္ဍတို့အား ဆုံးရှုံးနိုင်ခြေ အခြေပြု ကြီးကြပ်စစ်ဆေးခြင်းစသည့် စုစုပေါင်း လက်ငင်းရလဒ် (၅)ခုသည် ကြီးမားစွာ လိုက်နာဆောင်ရွက်ခြင်း အဆင့်သို့ တိုးမြှင့်ရရှိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ထို့ပြင် APG သို့ တစ်နှစ်လျှင်တစ်ကြိမ် တင်ပြလျက်ရှိသည့် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် တိုးတက်မှုအစီရင်ခံစာ၌ AML/CFT ဆိုင်ရာ တိုးတက်ဆောင်ရွက်မှုများထည့်သွင်းဖော်ပြပြီး အဆင့်သတ်မှတ်ချက်များ တိုးမြှင့်တောင်းခံခဲ့ရာ စဉ်ဆက်မပြတ် တိုးတက်မှုအစီရင်ခံစာ(၂၀၂၃)အား APG ၏ အကဲဖြတ်ချက်အရ အကြံပြုချက် (၂၅)ချက်အား စံနှုန်းသတ်မှတ်ချက်ကောင်းမွန်သည့် ကြီးမားစွာ လိုက်နာဆောင်ရွက်ခြင်းအဆင့်သို့ တိုးမြှင့်ရရှိပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း ၂၀၂၄ ခုနှစ်အတွင်း အကြံပြုချက် နှစ်ချက်အပေါ် စံနှုန်းသတ်မှတ်ချက် တိုးတက်ကောင်းမွန်ကြောင်း အဆင့်တိုးမြှင့်ရရှိနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)က မြန်မာနိုင်ငံအား တိုးမြှင့်စောင့်ကြည့်ခွင့်ရှိသည့် နိုင်ငံနှင့် ဒေသများစာရင်း (Jurisdictions under increased monitoring)မှ စိစစ်ဆောင်ရွက်မှုပြုရန် တောင်းဆိုခြင်းခံရသည့် အန္တရာယ်မြင့်မားမှုရှိသော နိုင်ငံနှင့် ဒေသများစာရင်း (High-Risk Jurisdictions subject ta a call for Action)သို့ ပြောင်းရွှေ့ထည့်သွင်းခြင်းခံရမှုအခြေအနေနှင့်စပ်လျဉ်း၍ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဖြစ်ပေါ်တိုးတက်မှုများ ရှိလာပြီဖြစ်ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

Most Read

Most Recent