ကျောက်မဲမြို့တွင် တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး မြို့အတွင်း ပိတ်မိနေသူများလည်းရှိနေ

ကျောက်မဲမြို့တွင် တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး မြို့အတွင်း ပိတ်မိနေသူများလည်းရှိနေ
Published 26 June 2024

ကျောက်မဲမြို့တွင် တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေပြီး မြို့အတွင်း ပိတ်မိနေသူများလည်းရှိနေ ကြောင်း ဒေသခံများထံမှ သိရသည်။

ကျောက်မဲမြို့တွင် ဇွန် ၂၆ ရက်နံနက် ၉ နာရီတွင် ပစ်ခတ်သံများကြားနေရပြီး မွန်းလွဲပိုင်းတွင် သေနတ်သံများ မကြားရ တော့ကြောင်း၊ မြို့နေပြည်သူများမှာ အပြင်ဘက်သို့ မထွက်နိုင်ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရသည်။

“အခုတော့ သေနတ်သံတွေငြိမ်သွားပြီ။ အပြင်တော့ ဘယ်သူမှလည်း ထွက်လို့မရသေး လို ထွက်လည်းမထွက်ရဲဘူးဖြစ်နေတယ်” ဟု ကျောက်မဲမြို့တွင် နေထိုင်သူတစ်ဦးက ပြော ကြားသည်။

ဇွန် ၂၅ ရက်နံနက်မှ စတင်ကာ ကျောက် မဲမြို့အနီးတဝိုက်တွင် တပ်မတော်နှင့် TNLA အဖွဲ့တို့အကြားတိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

“မနေ့ကတော့ ညပိုင်းမှာ ငြိမ်သွားတယ်။ ဒီနေ့က မနက်က ပစ်ခတ်သံတွေကြားရပေမယ့် နေ့လည်ပိုင်းလောက်မှာ ငြိမ်သွားတယ်။ အခု တော့ မြို့ခံတွေက အပြင်ကိုထွက်ခွင့်မရသေး ဘူး”ဟု ကျောက်မဲဒေသခံတစ်ဦးက ဆက် လက်ပြောကြားသည်။

ကျောက်မဲမြို့အတွင်း နေထိုင်သူများမှာ အိမ်ထဲတွင်သာနေထိုင်ကြရပြီး ပိတ်မိနေခြင်း ဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အ ရ သိရသည်။

“အကုန်လုံးက ဘယ်ကိုမှ သွားလို့လာ လို့မရတော့ဘူး။ အိမ်ထဲမှာပဲနေနေရတယ်”ဟု ကျောက်မဲဒေသခံတစ်ဦးက ပြောကြား သည်။

ဇွန် ၂၅ ရက် နံနက် ၈ နာရီခန့်တွင် ကျောက်မဲမြို့အတွင်းရှိ အခွန်လွတ်စျေးရှေ့သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေ ဆုံးခဲ့ကာ ၁၄ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ခဲ့သည်ဟု ဒေသခံလူမှုကူညီရေးအသင်းအချို့က လူမှု ကွန်ရက်စာမျက်နှာအချို့တွင် ဖော်ပြထား ချက်အရ သိရသည်။

ဇွန် ၂၆ ရက်တွင် ကျောက်မဲမြို့ပေါ်တ ၀ိုက် အကူအညီတောင်းခံသည့်ဖုန်းများရရှိထားသော်လည်း ပြင်ပသို့သွားရောက်နိုင်ခြင်း မရှိသေးသဖြင့် အကူအညီမပေးနိုင်သေးဘဲ ရှိနေသည်ဟု ကျောက်မဲမြို့ခံ လူမှုကူညီရေး အသင်းထံမှ သိရသည်။

“ ဒီနေ့က အနည်းဆုံး ခြောက်ခုလောက် အကူအညီတောင်းကြတယ်။ အပြင်ထွက်လို့ မရတော့ ဘယ်လိုမှသွားလို့မရသေးဘူး။ ဒီအ တိုင်းပဲ ဖုန်းလက်ခံနေရတယ်”ဟု ကျောက်မဲ မြို့ခံ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

ကျောက်မဲမြို့မှာ ရှမ်းပြည်နယ်မြောက် ပိုင်း ကျောက်မဲခရိုင်တွင် ပါဝင်ပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ လေးသောင်း နီးပါးခန့် နေထိုင်လျက်ရှိကာ အများစုမှာရှမ်း လူမျိုးများဖြစ်သည်။

 

 

 

Most Read

Most Recent