■  MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အရပ်သားပြည်သူ ၁၀၀ ကျော်အားသတ်ဖြတ်မှုများအပေါ် ကန့်ကွက်ရှုတ်ချကြောင်း နေပြည်တော်နှင့် ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်

■  MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အရပ်သားပြည်သူ ၁၀၀ ကျော်အားသတ်ဖြတ်မှုများအပေါ် ကန့်ကွက်ရှုတ်ချကြောင်း နေပြည်တော်နှင့် ရန်ကုန်မြို့၌ ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်
Published 6 August 2024

MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အရပ်သားပြည်သူ ၁၀၀ ကျော်အားသတ်ဖြတ်မှုများအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကို သြဂုတ် ၆ ရက်က နေပြည်တော်နှင့် ရန်ကုန် မြို့၌ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့သည်။

နေပြည်တော် မြို့တော်ခန်းမရှေ့တွင် သြဂုတ် ၆ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်ပွဲတွင် နိုင်ငံတော်အလံအား အလေးပြုခြင်းနှင့် နိုင်ငံတော်သီချင်း သံပြိုင် သီဆိုခြင်း၊ MNDAA အဖွဲ့၏ သတ်ဖြတ်မှု ကြောင့် လားရှိုးကုတင်-၁၀၀ ဆေးရုံမှ သေဆုံး ခဲ့သည့် ဆရာဝန်၊ သူနာပြု၊ အရပ်သားပြည် သူများနှင့် တိုက်ပွဲအတွင်း ကျဆုံးခဲ့သော စစ် သည်များအတွက် ဝမ်းနည်းခြင်းအထိမ်းအ မှတ်အဖြစ် တစ်မိနစ် ငြိမ်သက်ခြင်း၊ အကြမ်း ဖက်အဖွဲ့များ၏ လူမဆန်သော ယုတ်မာမှု များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခြင်း၊ အကြမ်းဖက်နှိမ်နှင်းရေးနှင့်ပတ်သက်၍ ရှင်း လင်းပြောဆိုခြင်း၊ အကြမ်းဖက် ဘေးအန္တရာယ် များနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုခြင်း၊ အကြမ်းဖက်သမားများ၏ ရက်စက်စွာသတ် ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် အပြစ်မဲ့ ပြည်သူများနှင့် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့်တိုက်ပွဲဝင်ခဲ့ကြသည့် စစ်သည် များအတွက် ကုသိုလ်ပြု အမျှဝေခြင်းများကို ဆောင်ရွက်ခဲ့သည်။

“ကျွန်တော်တို့က လားရှိုးမြို့ အမှတ် (၉) ကုတင်-၁၀၀ ဆေးရုံမှာ အပြစ်မဲ့ ဆရာဝန်၊ သူနာပြု၊ အရပ်သားပြည်သူများ ၁၀၀ ကျော် သေတာကို ဒီနေ့ အစွဲပြုပြီး လုပ်ပါတယ်။ ကျွန် တော်တို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက် ကို စွန့်ပြီးတော့ တိုက်ခိုက်ခဲ့ကြတဲ့ တပ်မတော် သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင် အား လုံးကိုလည်း ကျွန်တော်တို့ ဒီနေရာက ဦးညွတ် ဂုဏ်ပြုပါတယ်” ဟု အဆိုပါအခမ်းအနား တွင် ပါဝင်ဟောပြောခဲ့သည့် ကိုနောင်တော်လေးက ပြောကြားသည်။

မြန်မာနိုင်ငံအတွင်း အကြမ်းဖက်အဖွဲ့ ပေါင်းများစွာ ပေါ်ပေါက်လာပြီး အရပ်သား ပြည်သူ ထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့ ကြောင်း၊ မိမိတို့ ရဟန်းရှင်လူ ပြည်သူများက တာဝန်ရှိ အစိုးရကို အကြမ်းဖက်နှိမ်နင်းရေး နှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များ ကို ပြတ်ပြတ်သာသား လုပ်ဆောင်ရန် ပြော ဆိုခဲ့သော်လည်း လက်ရှိအချိန်အထိ နေ့စဉ် နှင့်အမျှ အကြမ်းဖက်အဖွဲ့များက ပြည်သူများ ကို သတ်ဖြတ်နေဆဲဖြစ်ဟု ကိုနောင်တော် လေးက ပြောကြားသည်။

ထို့နောက် အကြမ်းဖက်နှိမ်နင်းရေးနှင့် ပတ်သက်၍ ဦးဇော်ဖုန်းဟိန်းက ရှင်းလင်း ပြောဆိုခြင်း၊ အကြမ်းဖက် ဘေးအန္တရာယ်များ နှင့်ပတ်သက်၍ ဦးစံဝင်းက ရှင်းလင်းပြောဆို ခြင်းများကို ဆောင်ရွက်ခဲ့သည်။

ယင်းဆန့်ကျင်ရှုတ်ချပွဲတွင် အပြစ်မဲ့ ပြည်သူများကို အစုလိုက်အပြုံလိုက် သတ် ဖြတ်နေသော MNDAA အကြမ်းဖက်အဖွဲ့ အလိုမရှိ၊ MNDAA နှင့် ပူးပေါင်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ ချက်ချင်းရပ်၊ ပြည် ပသြဇာခံ အကြမ်းဖက်အဖွဲ့များကို အမြစ် ပြတ်နှိမ်နှင်းဆောင်ရွက်ပေးရေး ဒို့အရေး၊ ပြည်သူကို သတ်ဖြတ်နေသည့် ပြည်ပသြဇာ ခံ အကြမ်းဖက်အဖွဲ့များ ကျရှုံးပါစေ စသည့် စာသားများအား ကြွေးကြော်ခဲ့ကြသည်။ 

အဆိုပါ ဆန့်ကျင်ရှုတ်ချပွဲသို့ နေပြည် တော်ကောင်စီနယ်မြေမှ ရဟန်း၊ သံဃာတော်များ၊ ဒေသခံ ပြည်သူများ တက်ရောက် ခဲ့ကြောင်း သိရသည်။

အလားတူ ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့တွင်လည်း သြဂုတ် ၆ ရက် နံနက်ပိုင်းက အပြစ်မဲ့အရပ်သားပြည်သူ ၁၀၀ ကျော်အား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် MNDAA အမည်ခံ ကိုးကန့်သောင်းကျန်းသူများနှင့် ပူးပေါင်းအဖွဲ့များ၏ လူမဆန်သော ရက် စက်ယုတ်မာမှုအား ကန့်ကွက်ရှုတ်ချပွဲအ မည်ဖြင့် ပြုလုပ်သည့် အဆိုပါဆန္ဒထုတ်ဖော် ပွဲတွင် လူအင်အား အများအပြား တက်ရောက် ခဲ့သည်ကို တွေ့ရသည်။

ဆန္ဒထုတ်ဖော်ပွဲတွင် နိုင်ငံတော်သီချင်း သီဆိုခြင်း၊ ဟောပြောခြင်းနှင့် တက်ရောက် လာသူများက တရားသောစစ် အောင်ရမည်၊ ပြည်ဖျက်မိစ္ဆာ အကြမ်းဖျက်အဖွဲ့များကို အ မြစ်ပြတ်ချေမှုန်းပေးပါ၊ တိုင်းပြည်နှင့် လူမျိုး အတွက် အသက်ခန္ဓာစွန့်၍ တိုက်ပွဲဝင်နေ ကြသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များအား ဦးညွတ်ဂုဏ် ပြုပါသည် စသည့်စာတန်းများ ကိုင်ဆောင် ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ထို့ပြင် ဆန္ဒထုတ်ဖော်ပွဲတွင် နိုင်ငံတော် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဒို့ အရေး၊ အကြမ်းဖက်အမည်ခံ MNDAA ကိုး ကန့်သောင်းကျန်းသူများနှင့် ပူးပေါင်းအဖွဲ့ အစည်းများ အလိုမရှိ၊ အပြစ်မဲ့ပြည်သူများ အား သတ်ဖြတ်ခြင်း ချက်ချင်းရပ်၊ စစ်ရေး ပစ်မှတ်မဟုတ်သော အများပြည်သူနေရာ များအား ပစ်ခတ်ခြင်း ချက်ချင်းရပ်၊ MNDAA ၏ လူမဆန်သော ရက်စက်ယုတ်မာမှုများ ချက်ချင်းရပ်၊ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်နေသည့် အကြမ်းဖက်အဖွဲ့များ အား ဆန့်ကျင်ကြ၊ လူ့အခွင့်အရေးများအား ချိုးဖောက်နေသော အကြမ်းဖက်အဖွဲ့များ အား ဆန့်ကျင်ကြ၊ မြန်မာ့တပ်မတော်၏ တရား သောစစ် အောင်ရမည် စသည့် ကြွေးကြော် သံများကိုလည်း ကြွေးကြော်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent