လူပုဂ္ဂိုလ်အချို့ထံမှ ကျပ်သန်းပေါင်း ၅၆၀၀ ကျော်ရလိုမှုဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်က ရန်ကုန်တိုင်းတရားရုံးတွင် လျှောက်ထားစွဲဆို

လူပုဂ္ဂိုလ်အချို့ထံမှ ကျပ်သန်းပေါင်း ၅၆၀၀ ကျော်ရလိုမှုဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်က ရန်ကုန်တိုင်းတရားရုံးတွင် လျှောက်ထားစွဲဆို
Published 16 May 2024

လူပုဂ္ဂိုလ်အချို့ထံမှ ကျပ်သန်းပေါင်း ၅၆၀၀ ကျော်ရလိုမှုဖြင့် မြန်မာ့ရှေ့ဆောင်ဘဏ်က ရန်ကုန်တိုင်းတရားရုံးတွင် လျှောက်ထားစွဲဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

တရားလိုဖြစ်သည့် မြန်မာ့ရှေ့ဆောင်ဘဏ်က တရားပြိုင်များဖြစ်သည့် ဦးညီညီအောင်နှင့် Mr. Kieran Rabbit တို့ထံမှ ဘဏ်ချေးငွေနှင့်အတိုးအပါအဝင် ဘဏ်ကြွေးငွေကျပ် ၅၆၅၄၉၅၄၆၅၈ ကို ရယူလိုကြောင်း လျှောက်ထားစွဲဆိုသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ယင်းအမှုနှင့်ပတ်သက်ပြီး တရားပြိုင်များအနေဖြင့် ချေပပြောဆိုနိုင်ရန် ကိုယ်စားလှယ်နှင့်ဖြစ်စေ၊ ရှေ့နေနှင့်ဖြစ်စေ တရားလို၏အဆိုလွှာကို ထုချေရှင်းလင်းရန် တရားရုံးသို့ မေ ၃၀ ရက်တွင် လာရောက်ရမည်ဖြစ်ကြောင်း၊ လာရောက်ခြင်းမရှိပါက မျက်ကွယ်တွင် ငြင်းချက်များကို ထုတ်ပေးလိမ့်မည်ဖြစ်ကြောင်း၊ တရားလိုက ကြည့်ရှုလိုသည့် စာရွက်စာတမ်းများနှင့် ထုချေတင်ပြအမှီပြုလိုသည့် စာရွက်စာတမ်းများကို ယူဆောင်လာရမည်ဖြစ်ကြောင်း၊ တရားပြိုင်များအနေဖြင့် ထုချေလွှာတင်လိုလျှင် အမှုမဆိုင်မီ လေးရက်ကြိုတင်တင်သွင်းရမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ကြေညာထားသည်။

Most Read

Most Recent