ထိုင်းဆေးရုံတွင် မြန်မာ လုပ်သားတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ထိုင်းရဲ ကိုယ်တိုင်အဖမ်းခံခဲ့ကြောင်းသိရ

ထိုင်းဆေးရုံတွင် မြန်မာ လုပ်သားတစ်ဦးကို သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ထိုင်းရဲ ကိုယ်တိုင်အဖမ်းခံခဲ့ကြောင်းသိရ
Published 11 June 2024

ထိုင်းနိုင်ငံ ခွန်ကဲမြို့ ဆေးရုံတွင် သေနတ်ဖြင့်ပစ်သတ်ခံရပြီး မြန်မာလုပ်သားသေဆုံးမှုပတ်သက်၍ ထိုင်းရဲက ကိုယ်တိုင်အဖမ်းခံခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအရ သိရသည်။

ထိုင်းနိုင်ငံ ခွန်ကဲယ်မြို့ဆေးရုံတွင် ခွဲစိတ်မည့်လူနာအဖြစ် ဆေးဝါးကုသမှုခံယူနေ သော  မြန်မာရွှေ့ပြောင်းအလုပ်သမား ကိုကျော်စွာအောင် သည် ဇွန် ၆ ရက် ည ၁၁ နာရီခန့်က ထိုင်းရဲတပ်ကြပ်ကြီးတစ်ဦး၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည်ဟု ဆိုသည်။

ထိုင်းရဲတပ်ကြပ်ကြီးအဆင့်ရှိ ဝီလဖုံဘွာယင်သည် ဆေးရုံသို့ ရောက်ရှိလာပြီး ကိုကျော်စွာအောင် တက်ရောက်ကုသနေသော လူနာဆောင်ကို မေးမြန်းဝင်ရောက်ကာ ခုတင်ပေါ်၌ အိပ်ပျော်နေသော ကိုကျော်စွာအောင်၏ ဦးခေါင်းကို ‌သေနတ်ဖြင့်တေ့ပစ်သွားခြင်းဖြစ် သည်ဟု ဆိုသည်။

ထိုင်းရဲတပ်ကြပ်ကြီးတစ်ဦးအနေဖြင့် ဆေးရုံထဲအထိဝင်ရောက်ပြီး လူနာတစ်ဦးကို လုပ်ကြံသတ်ဖြတ်ခြင်းမှာ အင်မတန်အကျည်း တန်သည့်လုပ်ရပ်ဖြစ်ကြောင်း မြန်မာပြည် သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောကြားသည်။

“ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း ခရိုင်ဆေး ရုံမှာ တက်ရောက်ဆေးဝါးကုသနေတဲ့ မြန်မာ လုပ်သားကို ထိုင်းရဲတစ်ဦးက ဆေးရုံးထဲဝင်ပြီး လုပ်ကြံသတ်ဖြတ်တယ်ဆိုတာ အင်မတန်အ ရုပ်ဆိုးအကျည်းတန်ပါတယ်။ ဒါမဖြစ်သင့် မဖြစ်ထိုက်တဲ့ ဆိုးရွားတဲ့ပုံရိပ်တစ်ခုပေါ့။ အဲဒီ ပုံရိပ်ကို ရဲတပ်ဖွဲ့ကလည်း အကင်းပါးပါးနဲ့ ဖျောက်နိုင်အောင်ကြိုးစားဖို့အတွက် အဲဒီရဲ အရာရှိက စိတ်ကျန်းမာရေးမကောင်းသူလို့ ကာဘာယူထားတာပေါ့ဗျာ” ဟု ဦးမိုးကြိုးက ပြောကြားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားကို လုပ်ကြံ သတ်ဖြတ်ခဲ့သူ ရဲတပ်ကြပ်ကြီးသည်  ဇွန် ၈ ရက် နံနက် ၉ နာရီခွဲတွင် ခွန်ကဲယ်ခရိုင် ဖရ ယူန်ရဲစခန်းကိုသို့ သွားရောက်အဖမ်းခံခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်နဲ့ပတ်သက်၍ ပြစ်မှုကျူးလွန်သူ ထိုင်းရဲတပ်ကြပ်ကြီး ဝီလဖုံဘွာယင်အား   ကြို တင်ကြံစည်ပြီး လူသတ်မှု၊ တရားမဝင်လက် နက်ကိုင်ဆောင်မှုတို့ဖြင့် ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဘက်မှလာသောသတင်းများအ ရ သိရသည်။

Most Read

Most Recent