မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့နယ်တွင် ၁၃ နှစ်အရွယ် မြန်မာအမျိုးသမီးငယ်နှင့် ၎င်း၏ဖခင်တို့ ဓားဖြင့်ထိုးသတ်ခံရ

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့နယ်တွင် ၁၃ နှစ်အရွယ် မြန်မာအမျိုးသမီးငယ်နှင့် ၎င်း၏ဖခင်တို့ ဓားဖြင့်ထိုးသတ်ခံရ
အခင်းဖြစ်နေရာကို သက်ဆိုင်ရာက စစ်ဆေးနေစဉ် (ဓာတ်ပုံ- Thai News)
အခင်းဖြစ်နေရာကို သက်ဆိုင်ရာက စစ်ဆေးနေစဉ် (ဓာတ်ပုံ- Thai News)
Published 3 September 2024
ကိုရွှေသိန်း (မြဝတီ)

မြန်မာ-ထိုင်းနယ်စပ် မဲဆောက်မြို့နယ် တွင် အလုပ်လုပ်ကိုင်နေသော အသက် ၅၅ နှစ်အရွယ် ဖခင်ဖြစ်သူနှင့် အသက် ၁၃ နှစ်အ ရွယ် ၎င်းင်း၏သမီးငယ်တို့ သည် စက်တင်ဘာ ၁ ရက်က  အသတ်ခံရမှုဖြစ်ပွားပြီး သေဆုံးခဲ့ ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မဲဆောက်မြို့နယ် ဖဌာတုဖာ ဒေန်ရပ် ဖကျောင်းတတ်ပန်းခြံအနီး အလုပ် လုပ်ကိုင်နေသော မြန်မာနိုင်ငံသား ဦးမောင် အေး၏ သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ် မြန်မာအမျိုးသမီးငယ်သည် ၎င်းင်း၏ချစ်သူ ဟောင်းဖြစ်သူ မောင်စိုး (ခ) ဂျိုးနှင့် စကားများ ရန်ဖြစ်ရာမှ အမျိုးသမီးငယ်နှင့် ဖခင်ဖြစ်သူ တို့အား ဓားဖြင့် ထိုးသတ်ခံရခြင်းဖြစ်ကြောင်း၊ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် လူမှုကယ် ဆယ်ရေးမှ ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။

မြန်မာအချင်းချင်း လက်ရောက်မှု၏အ မြင့်ဆုံးဖြစ်သော လူသတ်မှုအထိ ကျူးလွန်ရ ခြင်းနှင့်ပတ်သက်၍ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက “မြန်မာလုပ်သားတွေဟာ ရေခြား မြေခြားမှာ ရောက်တဲ့အခါ မူးယစ်ဆေးကြောင့် ဖြစ်စေ၊ အကြွေး ကြောင့်ဖြစ်စေ ကိုယ့်အချင်း ချင်းချနင်းတဲ့ လက်ရောက်မှုရဲ့အဆုံးစွန်သော အပြုအမူပြုနေတာ တွေ့ရတာ တော်တော် ကြီး စိတ်မကောင်း ဝမ်းနည်းစရာဖြစ်တယ်။ရေခြားမြေခြားရွှေ့ပြောင်းလုပ်သားဆိုတာ မိခင်ထိုင်းနိုင်ငံသားတွေ မငြိုငြင်အောင်ပြုမူ နေထိုင်ရမှာ ဖြစ်ပါတယ်။ အချင်းချင်းသွေး စည်းကြပါ။ စကားများလို့ရတယ်၊ ရန်ဖြစ်လို့ ရတယ် သို့သော် လက်ရောက်မှုရဲ့အဆုံးစွန် သော လူသတ်မှုအထိတော့ ကျူးလွန်ဖို့မလို အပ်ဘူး။ အချင်းချင်းထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ။ အခုလိုမျိုးကိစ္စတွေက ဘာလျော် ကြေး နစ်နာကြေးမှ မရပါဘူး။ ပက်လက်လှန် ပြီး တံတွေးထွေးသလိုမျိုးဖြစ်တယ်။ အဲဒါ ကြောင့် ကိုယ့်မြန်မာအချင်းချင်း လက်မလွန် ခင်မှာ ၀ိုင်းဝန်းထိန်းသိမ်းကြပါလို့ ပြောချင် ပါတယ် ဟု ပြောကြားသည်။

ပြစ်မှုကျူးလွန်သူ မြန်မာနိုင်ငံသားမောင် မောင်စိုး (ခ) ဂျိုးအား ထိုင်းနိုင်ငံ၏ပြစ်မှုဆိုင် ရာဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent