
စပါးနည်းပြ ပိုစတီကိုဂလူးအနေဖြင့် ယခုရာသီတွင် ယူရိုပါလိဂ်ဖလားရလျှင်ပင် အသင်းနည်းပြရာထူးမှထုတ်ပယ်ခံရဖွယ်ရှိနေကြောင်း The Telegraph ဖော်ပြခဲ့သည်။
စပါးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၃၃) အပြီးတွင် (၃၇)မှတ်သာ ရထားပြီး အဆင့်(၁၆)နေရာအထိ ရောက်ရှိနေသော်လည်း ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဗိုလ်စွဲနိုင်ခြေရှိနေသည်။
သို့သော် The Telegraph ၏ဖော်ပြချက်အရ စပါးအသင်းတာဝန်ရှိသူများသည် ပိုစတီကိုဂလူးကို စိတ်ကုန်နေပြီး ယူရိုပါလိဂ်ဖလားရလျှင်ပင် ယခုရာသီကုန်တွင် ရာထူးမှ ထုတ်ပယ်ဖွယ်ရှိကြောင်း သိရသည်။
စပါးအသင်းသည် ယခုရာသီ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ် တက်ရောက်ထားပြီး နော်ဝေကလပ် ဘိုဒယ်ဂလင့်အသင်းနှင့်တွေ့ဆုံနေသည်။
စပါးအသင်းအနေဖြင့် ဆီမီးဖိုင်နယ်ကို ကျော်ဖြတ်နိုင်ခဲ့မည်ဆိုပါက ဗိုလ်လုပွဲတွင် မန်ယူနိုက်တက်- ဘီလ်ဘာအိုပွဲမှ အနိုင်ရသည့်အသင်းနှင့် တွေ့ဆုံမည်ဖြစ်ပြီး ယင်းပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည်။
ပိုစတီကိုဂလူးသည် နည်းပြဘဝတွင် ဒုတိယရာသီ၌ ဆုဖလားရယူလေ့ရှိသည့် အစဉ်အလာရှိပြီး ယခု စပါးနည်းပြဘဝ ဒုတိယရာသီတွင် ယူ ရိုပါလိဂ်ဖလားရယူရန် ပစ်မှတ်ထားနေသည်။
သို့သော် ယင်းဖလားက ပိုစတီကိုဂလူးကို ကယ်နိုင်မည်မဟုတ်ဟု The Telegraph က ဖော်ပြခဲ့သည်။