♦ အင်တာမီလန် - အေစီမီလန် (မြန်မာစံတော်ချိန် ဧပြီလ ၂၄ ရက် နံနက် ၁:၃၀ နာရီ)
◘ ပထမအကျော့ရလဒ် - အေစီမီလန် (၁-၁) အင်တာမီလန်
အေစီမီလန်အသင်း အခုရာသီမှာ မထင်မှတ်ထားလောက်အောင် ရုန်းကန်နေရပေမဲ့ အံ့အားသင့်စရာက အင်တာမီလန် နဲ့ ဆုံတွေ့တိုင်း ရလဒ်ကောင်းနေတာပါပဲ။ ဒီရာသီအတွင်း မီလန်ဒါဘီပွဲစဉ် လေးပွဲကစားခဲ့ပြီး စီးရီးအေနှစ်ကျော့၊ ကိုပါအီတာလီယာ ဆီမီးဖိုင်နယ် ပထမအကျော့၊ အီတလီစူပါဖလားပွဲတွေမှာ အေစီမီလန်က (၂)ပွဲနိုင်၊ (၂)ပွဲသရေ ကစားခဲ့ကာ ရှုံးပွဲမရှိ ခဲ့ဘူး။ သရေကျထားတဲ့ နောက်ဆုံးနှစ်ပွဲမှာလည်း အေစီမီလန်အသင်းကပဲ ဦးဆောင်ဂိုးတွေ သွင်းခဲ့တာပါ။ ဒီရာသီ မတိုင်ခင်အထိတော့ အင်တာမီလန်အသင်းက (၆)ပွဲဆက်တိုက် အနိုင်ရခဲ့တယ်။ လက်ရှိအခြေအနေမှာ အင်တာမီလန်က ဖလားသုံးလုံးလမ်းကြောင်းပေါ် ရောက်နေပြီး အေစီမီလန်အဖို့တော့ ကိုပါအီတာလီယာချန်ပီယံဆုက လာမယ့်ရာသီ ယူရိုပါလိဂ်ဝင်ခွင့်အတွက် အရေးပါနေတယ်။ ပွဲကျပ်တွေ ဆက်တိုက်ကစားနေရလို့ အင်တာမီလန်အသင်း ပွဲပန်းနိုင်ပေမဲ့ ဒီတစ်ပွဲတော့ အနိုင်ကစားမယ်ထင်တယ်။