မော်ရင်ဟို ခေတ်မကုန်သေးဘူး

မော်ရင်ဟို ခေတ်မကုန်သေးဘူး
Photo : X
Photo : X
Published 10 March 2025
AK

မော်ရင်ဟိုက ဥရောပထိပ်တန်းလိဂ်ရဲ့အဝေးကို ရောက်နေခဲ့တယ်။ အဲဒီအခြေအနေကြောင့် မော်ရင်ဟိုခေတ်ကုန်သွားပြီလို့ ယူဆနေကြတယ်။တကယ်တော့အဲဒီလိုမဟုတ်ပါဘူး။ မော်ရင်ဟိုခေတ်မကုန်သေးဘူးလို့ ကျွန်တော်ယုံကြည်တယ်။ မော်ရင်ဟိုခေတ်ကဘယ်တော့မှကုန်ဆုံးမယ်မသိနိုင်ဘူး။ အတိတ်ဟာရုပ်ရှင်ဖြစ်ရင် မော်ရင်ဟိုဇာတ်လမ်းဟာ အော်စကာရလိမ့်မယ်။ မော်ရင်ဟိုက ဂန္ထဝင်ဆန်တဲ့ Plot တွေ ဖန်ဆင်းပြခဲ့တယ်။ သူဟာ Serieal Winner ဖြစ်ခဲ့တယ်။ သူဟာ Special One ဖြစ်ခဲ့တယ်။ မော်ရင်ဟိုရဲ့နှလုံးသားမှာအောင်ပွဲဝိညာဉ်တွေကခုန်နေပါတယ်။ 

မော်ရင်ဟိုက ဥရောပထိပ်တန်းလိဂ်ရဲ့အဝေးကို ရောက်နေခဲ့တယ်။ အဲဒီအခြေအနေကြောင့် မော်ရင်ဟိုခေတ်ကုန်သွားပြီလို့ ယူဆနေကြတယ်။တကယ်တော့အဲဒီလိုမဟုတ်ပါဘူး။ မော်ရင်ဟိုခေတ်မကုန်သေးဘူးလို့ ကျွန်တော်ယုံကြည်တယ်။ မော်ရင်ဟိုခေတ်ကဘယ်တော့မှကုန်ဆုံးမယ်မသိနိုင်ဘူး။ အတိတ်ဟာရုပ်ရှင်ဖြစ်ရင် မော်ရင်ဟိုဇာတ်လမ်းဟာ အော်စကာရလိမ့်မယ်။ မော်ရင်ဟိုက ဂန္ထဝင်ဆန်တဲ့ Plot တွေ ဖန်ဆင်းပြခဲ့တယ်။ သူဟာ Serieal Winner ဖြစ်ခဲ့တယ်။ သူဟာ Special One ဖြစ်ခဲ့တယ်။ မော်ရင်ဟိုရဲ့နှလုံးသားမှာအောင်ပွဲဝိညာဉ်တွေကခုန်နေပါတယ်။ 

ရိုးမားမှာ မော်ရင်ဟိုက နန်းကျဘုရင်မဟုတ်ခဲ့ဘူး။ ရိုးမားသမိုင်းကိုဆန်းသစ်စေခဲ့တယ်။ ဥရောပပြိုင်ပွဲအောင်ပွဲယူပေးခဲ့တယ်။ ဒါပေမဲ့ ထုံးစံအတိုင်းမော်ရင်ဟိုက ဒိုင်တွေနဲ့အဆင်မပြေဘူး။ မီဒီယာတွေနဲ့မတည့်ဘူး။ နောက်ဆုံးတူရကီလိဂ်ကိုမော်ရင်ဟို ရွေးချယ်လိုက်တယ်။ သူ့ကိုအမြင်ကတ်တဲ့သူတွေမရှိနိုင်ဘူးလို့ မော်ရင်ဟိုထင်ခဲ့တာပါ။ မော်ရင်ဟိုရဲ့ဘဝမယ် တရားသောစစ်ကိုသာ ဆင်နွှဲခဲ့ပါတယ်။ သူ့ဆီမှာ ဂန္ထဝင်အောင်မြေများစွာ ရှိနေပြီးပြီ။ မော်ရင်ဟိုမရှိမှ ရိုးမားကပိုပြီးအောင်မြင်နေပြီ ဆိုတဲ့ယူဆချက်တွေဟာ Special One မော်ရင်ဟိုကို စော်ကားရာကျပါလိမ့်မယ်။ မော်ရင်ဟိုက နည်းပြလောကရဲ့ခေတ်ဟောင်းမင်းသားကြီး မဟုတ်ဘူး။ သူ ပြောဖူးတဲ့စကားတစ်ခွန်းက ကျနော့်စိတ်ထဲ စွဲနေမိတယ်။ "ကျနော့်တာဝန်ယူတဲ့အသင်းအောင်မြင်တဲ့အခါ အားလုံးနဲ့သက်ဆိုင်ပါတယ်။.တကယ်လို့များ ကျရှုံးတဲ့အခါ ကျနော်ညံ့လို့ပါ"ဆိုတာပါပဲ။

ဖီနာဘာချီ ဂါလာတာစာရေးပဋိပက္ခကြားထဲ မော်ရင်ဟို ရောပါသွားတယ်။ သူ့ရဲ့ ဗီဇအတိုင်း အနုတ်တွေလျှောက်ပြောတယ်။ နောက်ဆုံးဂါလာတာစာရေးအသင်းက မော်ရင်ဟိုကို " လူမျိုးရေးခွဲခြားသူ" ဆိုပြီးတံဆိပ်ကပ်တယ်။ မော်ရင်ဟိုပွဲပယ်ခံလိုက်ရပါတယ်။ ပွဲပယ်ပြစ်ဒဏ်ဆိုတာ မော်ရင်ဟိုအတွက်မထူးဆန်းဘူး။ ဒါပေမဲ့ လူမျိုးရေးခွဲခြားသူဆိုတဲ့စကားလုံးကို သူလက်မခံနိုင်ဘူး။ ရန်သူတွေလိုမျိုး သဘောထားတဲ့ ဖီနာဘာချီနဲ့ ဂါလာတာစာရေးတို့ရဲ့အမုန်းဖွဲ့ဒါဘီမှာ မော်ရင်ဟို မီးမွှေးလိုက်တာပါပဲ။ မော်ရင်ဟိုက ဂါလာတာစာရေးအသင်းပရိသတ်တွေကိုကြည့်ရတာ "တိရစ္ဆာန်တွေလိုခုန်ပေါက်နေတယ်" ဆိုပြီး ပြောခဲ့တာပါ။ အဲဒီစကားက အမုန်းဖွဲ့ဒါဘီကို လောင်စာအသစ်ထည့်လိုက်သလိုဖြစ်ခဲ့ရတယ်။ မော်ရင်ဟိုရဲ့ဖီနာဘာချီက လူမျိုးရေးခွဲခြားမှုမဟုတ်ဘူးလို့ ကာကွယ်ပေမယ့် ဂါလာတာစာရေးဘက်ကလက်မခံဘူး။ မော်ရင်ဟိုရဲ့အပြုအမူက " လူမွိုးရေးခွဲခြားတာဖြစ်ပြီး တူရကီလိဂ်၊ တူရကီဒိုင်တွေနဲ့ တူရကီဒိုင်တွေကို စော်ကားလွန်းနေပြီ" လို့ ကြေညာချက်ထုတ်ပြန်ခဲ့တယ်။ ဂါလာတာစာရေးအသိုင်းအဝိုင်းက မော်ရင်ဟိုကို တူရကီနိုင်ငံကနေ ထွက်စေချင်တဲ့အထိ အမြင်မကြည်တော့ဘူး။

ဂါလာတာစာရေးနဲ့ ဖီနာဘာချီတို့ရဲ့ပွဲကို နှစ်ဘက်အသင်းတောင်းဆိုချက်ကြောင့် တူရကီကွင်းလယ်ဒိုင် တာဝန်ယူခွင့်မရဘဲ ဆလိုဗေးနီးယားနာမည်ကျော် ဗန်ဆစ်ကိုင်တွယ်ခဲ့ပါတယ်။ မော်ရင်ဟိုက ဘယ်လောက်တောင်အရွဲ့တိုက်လဲဆိုရင် ဗန်ဆစ်ကို ချီးကျူးပြီး အဲဒီပွဲမှာ စတုတ္ထဒိုင်အဖြစ် တာဝန်ယူတဲ့ တူရကီဒိုင်ကို "ခင်ဗျားသာ တာဝန်ယူရင် သောက်ဒုက္ခတွေများမှာ" ပြောခဲ့ပါတယ်။ တူရကီဒိုင်တွေကို အရင်တုန်းကလည်း မော်ရင်ဟိုက နှိပ်ကွပ်ဖူးတယ်။ " တူရကီဒိုင်တွေ အဲဒီလောက်ညံ့မယ်မှန်းသိရင် ဖီနာဘာချီနည်းပြမလုပ်ပါဘူး" လို့ ပြောခဲ့တာပါ။ 

မော်ရင်ဟိုကမချစ်မနှစ်သက်တဲ့သူနဲ့ လက်ထပ်ထားတဲ့ လူတစ်ဦးလိုပါပဲ။ တူရကီလိဂ်ကို သူ အပြစ်ရှာပြီးရင်းရှာနေတယ်။ တူရကီဘောလုံးအသိုင်းအဝိုင်းက မော်ရင်ဟိုဟာ လူကြီးလူကောင်း မဆန်ဘဲ သူ့ရဲ့ကျော်ကြားမှုအရှိန်အဝါကို အသုံးချပြီး တူရကီလိဂ်ကိုစော်ကားနေတာလို့လည်း ပြစ်တင်ခဲ့တယ်။ ဂါလာတာစာရေးအသင်းက မော်ရင်ဟိုကို "The Crying One" လို့ လှောင်ပြောင်တယ်။ သူစိတ်အလိုမကျတိုင်း ဒိုင်တွေကိုကလေးတစ်ယောက်လို ဂျီကျတတ်လို့ အခုလို နာမည်ပေးခံရတာပါပဲ။

မော်ရင်ဟိုက " ဂါလာတာစာရေးအသင်းဘက်က ကျွန်တော့်ကိုတိုက်ခိုက်တာဟာ မပါးနပ်ပါဘူး။ သူတို့က ကျွန်တော်ကအတိတ်ကို မသိကြဘူး။ ကျွန်တော်က အာဖရိကကစားသမားတွေနဲ့ ဇာတ်လမ်းရှိဖူးပြီး အာဖရိကအကြောင်းသိပါတယ်။ ကျွန်တော်ကလူမျိုးရေးခွဲခြားသူမဟုတ်ပါဘူး" လို့ ပြောခဲ့ပါတယ်။ မော်ရင်ဟိုကမဟုတ်မခံသမား၊ သူ့စိတ်ထဲအစာမကြေရင် ဘာမှဂရုမစိုက်ဘူး။ ဆဲဆိုကြိမ်းမောင်းနေတတ်သူပါ။ ဒိုင်လူကြီးတွေနဲ့အမြဲတမ်း ပဋိပက္ခဖြစ်နေတတ်သူ မော်ရင်ဟိုက တူရကီလိဂ်မှာလည်း မရိုးနိုင်တဲ့ဇာတ်လမ်း ဖန်ဆင်းနေတယ်။ မော်ရင်ဟိုနောက်ဆုံးဖန်ဆင်းလိုက်တာ ပြဿနာက လူမျိုးရေးခွဲခြားမှု တံဆိပ်ကပ်ခံထားရတယ်။

တူရကီလိဂ်က အ ကြမ်းဖက် ဆန်ဆန်တည်ရှိနေသလို၊ ဒိုင်တွေရဲ့အရည်အသွေးကြောင့်လည်း နာမည်ပျက်ပါတယ်။ တူရကီဘောလုံးအဖွဲ့ချုပ်က ဒိုင်တွေရဲ့နောက်ကြောင်းရာဇဝင်ကို သိပ်ပြီးဂရုမစိုက်ပါဘူး။ ပရီးမီးယားလိဂ်မှာဆိုရင် ဒိုင်တွေရဲ့မွေးဖွားရာမြို့နဲ့ အားပေးတဲ့အသင်းဇစ်မြစ်ကို သေသေချာချာ စုံစမ်းပါတယ်။ တူရကီလိဂ်မှာကျတော့ ဘယ်အသင်းပရိသတ်လည်းဆိုတာသေချာမစုံစမ်းလို့ အငြင်းပွားဖွယ်ရာတွေ မဆုံးနိုင်ပါဘူး။ ဘောလုံးရေးရာကျွမ်းကျင်သူအများစုက တူရကီလိဂ်ရဲ့အမည်းစက်ဟာ နှစ်ကာလများစွာအချိန်ယူ ပြုပြင်ရမယ်ဆိုပြီး သုံးသပ်ထားတယ်။

မော်ရင်ဟိုက အသက်ကြီးလာလေ ပွစိပွစိပြောလေဖြစ်လာတဲ့အဘိုးအိုပေါက်စဖြစ်နေပြီလား။ ရိုးမားနည်းပြဘဝတုန်းကလည်း မော်ရင်ဟိုဟာ ဒိုင်တွေနဲ့ ထိခဲ့ငြိခဲ့လွန်းပါတယ်။ စီးရီးအေဒိုင်တွေကို ကန့်ကွက်ပြစ်တင်လွန်းလို့ ပွဲပယ်နဲ့ဒဏ်ငွေပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရတယ်။ ၂၀၂၃ ခုနှစ်၊ ဆီဗီလာနဲ့ ယူရိုပါလိဂ်ဖိုင်နယ်ပွဲအပြီးမှာ မော်ရင်ဟိုက ကွင်းလယ်ဒိုင် အန်တိုနီတေလာကို ကားရပ်နားဧရိယာမှာစောင့်ဆိုင်းပြီး ဆဲဆို၊ ရန်ရှာခဲ့ပါတယ်။ မော်ရင်ဟိုက သှေးဆူအောင်လုပ်လိုက်လို့ရိုးမားအသင်းပရိသတ်တွေဟာ အန်တိုနီတေလာကို လေဆိပ်မှာ ရန်ရှာခဲ့တယ်။ တူရကီလိဂ်ဒိုင်တွေကို အမြဲလိုလိုဝေဖန်လို့လည်းဒဏ်ရိုက်ခံရတယိ။ အခုလည်း လူမျိုးရေးခွဲခြားမှုစွဲချက်ကြောင့် ပွဲပယ်ခံရလည်းမော်ရင်ဟိုဂရုမစိုက်ပါဘူး။

အောင်မြင်သူတစ်ဦးရဲ့ အဆုံးအစမဲ့ ပျံသန်းလိုတဲ့ စိတ်လိပ်ပြာ၊ ဟိုဆေးမော်ရင်ဟိုရဲ့ DNA ၊ စိတ်အားထက်သန်မှုဆိုတာ ဟိုဆေးမော်ရင်ဟိုရဲ့ DNA အစိတ်အပိုင်းတစ်ခုပါပဲ။ ဆုဖလားအောင်မြင်မှုဆိုတာ ဟိုဆေးမော်ရင်ဟိုရဲ့ ယဉ်ကျေးမှုပဲ။ သူ့ရဲ့ ဘယ်သူမှ သောက်ဂရုမစိုက်တဲ့ မျက်နှာပေးဟာ ဆုဖလားအောင်မြင်မှုတွေကြောင့် ပိုပြီး မာန်ဝင့်ခဲ့ပေါ့။ ဘဝမယ်အကြီးအကျယ် ခမ်းနားခဲ့ပြီးမှ ဇာတာကျသူတစ်ဦးဟာလည်း ဟိုဆေးမော်ရင်ဟိုပါပဲ။ မော်ရင်ဟိုအလင်းဟာ ဘယ်တုန်းကမှ တိုးဖျမနေခဲ့ဘူး။  မော်ရင်ဟိုဟာ သူ့ ကြွယ်ဝမှုနဲ့ သူ၊ မော်ရင်ဟိုဟာ သူ့ အိုင်ဒီယော်လော်ဂျီနဲ့ သူ မော်ရင်ဟိုဟာ သူ့ အတ္တနဲ့ သူ၊ နောက်ဆုံး မော်ရင်ဟိုဟာ သူ့ ပရိသတ်နဲ့ သူတည်ရှိနေတာပါ။ မော်ရင်ဟို ခေတ်မကုန်သေးပါဘူး။

Most Read

Most Recent