အေစီမီလန်တိုက်စစ်မှူး ပူလီဆစ် (၁၆)ပွဲဆက် ဂိုးပေါက်ပျောက်နေပြီး ကစားသမားဘဝ အဆိုးရွားဆုံးစံချိန်မှတ်တမ်းနဲ့ တူညီခဲ့

အေစီမီလန်တိုက်စစ်မှူး ပူလီဆစ် (၁၆)ပွဲဆက် ဂိုးပေါက်ပျောက်နေပြီး ကစားသမားဘဝ အဆိုးရွားဆုံးစံချိန်မှတ်တမ်းနဲ့ တူညီခဲ့
Photo: X
Photo: X
Published 27 April 2026

အေစီမီလန်အသင်းရဲ့ အမေရိကန်လက်ရွေးစင်တိုက်စစ်မှူး ပူလီဆစ်ဟာ (၁၆)ပွဲဆက် ဂိုးပေါက်ပျောက်ခဲ့တာကြောင့် ကစားသမားဘဝ အဆိုးရွားဆုံးစံချိန်မှတ်တမ်းနဲ့ တူညီသွားခဲ့ကြောင်း သိရပါတယ်။

ပူလီဆစ်ဟာ မနေ့က ယှဉ်ပြိုင်ခဲ့တဲ့ အေစီမီလန် ၀-၀ ဂျူဗင်တပ်စ်ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့တာကြောင့် မှတ်တမ်းဆိုး ပိုင်ဆိုင်ခဲ့တာဖြစ်ပြီး ချယ်လ်ဆီးအသင်းမှာ ကစားခဲ့တဲ့ ၂၀၂၂-၂၃ ရာသီတုန်းကလည်း (၁၆)ပွဲဆက် ဂိုးမသွင်းနိုင်ဘဲ ဖြစ်ခဲ့ဖူးကြောင်း သိရပါတယ်။

ပူလီဆစ်(၂၇ နှစ်)ဟာ ၂၀၂၃ နွေရာသီမှာ ချယ်လ်ဆီးကနေ အေစီမီလန်ကို ယူရို(၂၂)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။

ပူလီဆစ်ဟာ အေစီမီလန်အသင်းမှာ ပုံစံကောင်းပြန်ပြနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ(၁၂၉)ပွဲမှာ (၄၂)ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ ဒီဇင်ဘာလကစပြီး ဂိုးပေါက်ပျောက်နေခဲ့တာပါ။

''ခရစ္စတီယန်က အရမ်းခံစားလွယ်တဲ့ လူတစ်ယောက်ဖြစ်ပြီး ဂိုးပေါက်ပျောက်ဆုံးမှုက သူ့ကို ပိုအခက်တွေ့အောင် ထိုးနှက်နေပါတယ်။ သူက အသင်းမှာ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူးဖြစ်ပြီး ဒါကို ကျော်လွန်နိုင်အောင် ကျွန်တော် ကြိုးစားပေးရမှာပါ။ ပူလီဆစ် ဂိုးတွေ ပြန်သွင်းလာနိုင်မှာပါ'' လို့ အေစီမီလန်နည်းပြ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

 

Most Read

Most Recent