ရေးမြို့နယ် လမိုင်းမြို့ ရှင်စောပုဈေးရှိ ယုဇနစိန် ရွှေရတနာဆိုင်ကို အမျိုးသားနှစ်ဦးက သေနတ်ပြပြီး ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွား

ရေးမြို့နယ် လမိုင်းမြို့ ရှင်စောပုဈေးရှိ ယုဇနစိန် ရွှေရတနာဆိုင်ကို အမျိုးသားနှစ်ဦးက သေနတ်ပြပြီး ရွှေထည်ပစ္စည်းများ လုယက်မှုဖြစ်ပွား
Published 3 September 2024

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ ရှင်စောပုစျေးရှိ ယုဇနအာမခံစိန်ရွှေရတနာဆိုင်ကို စက်တင်ဘာ ၃ ရက် နံနက် ၈ နာရီ ၄၅ မိနစ် ခန့်က အမျိုးသားနှစ်ဦးက သေနတ်ပြပြီး ရွှေ ထည်ပစ္စည်းများ လုယက်သွားကြောင်း ဒေသ ခံများ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ယုဇန အာမခံစိန်ရွှေရတနာဆိုင် တွင် ရွှေထည်ပစ္စည်းများ ခင်းကျင်းနေစဉ် သေနတ်ပြကာ လုယက်သွားခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

၎င်းက ဆက်လက်ပြီး “စျေးအရှေ့မှာ ဆိုင်ကယ်နဲ့ အမျိုးသားတစ်ယောက်က စောင့် နေတယ်။ နောက်တစ်ယောက်က ယုဇနအာ မခံစိန်ရွှေရတနာဆိုင်ထဲ ဝင်လာပြီးတော့ သေနတ်ပြပြီးတော့ ရွှေထည်ပစ္စည်းတွေကို လုယူသွားတာလို့ သိရတယ်။ ပြီးတော့ သေ နတ်တစ်ချက်ဖောက်ပြီး ဆိုင်ကယ်မောင်းပြီး ထွက်ပြေးသွားတယ်။ ရွှေဆိုင်ကို လာလုတဲ့ နှစ်ယောက်က ဆိုင်ကယ်စီးဦးထုပ်ဆောင်း ထားကြတယ်” ဟု ပြောကြားသည်။

ယုဇနအာမခံစိန်ရွှေရတနာဆိုင်တွင် လုယက်သွားသူနှစ်ဦးမှာ ကော့ဒွတ်ကျေးရွာ ဘက်သို့ မောင်းပြေးသွားသည်ဟု ပြောကြသူ များရှိသလို  သောင်ပြင်ကျေးရွာဘက်သို့လည်း မောင်းနှင်ထွက်ပြေးသွားသည်ဟု ပြောဆိုကြ သူများလည်းရှိကြောင်း ၎င်းက ဆိုသည်။

ယုဇနအာမခံစိန်ရွှေရတနာဆိုင်မှ နားကပ်အရန် ၄၀၀ မှ ၅၀၀ ကြားခန့် လုယက် ခံလိုက်ရသည်ဟု ၎င်းရွှေဆိုင်နှင့် နီးစပ်သူ များထံမှ သိရသည်။

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ အရပ်သားများ မကြာခဏ ပစ်ခတ်သတ်ဖြတ်ခံနေရသည့်အ ပြင် ဌာနဆိုင်ရာရုံးများလည်း မကြာခဏ တိုက်ခိုက်ခံနေရသည့်အတွက် လမိုင်းမြို့ရှိ မြို့အုပ်ချုပ်ရေးမှူးရုံးအပါအဝင် ဌာနဆိုင်ရာ ရုံးများမှာ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လအ တွင်း တတိယအပတ်အတွင်းက ရေးမြို့သို့ ပြောင်းရွှေ့သွားကြပြီးနောက် လမိုင်းမြို့တွင် ကျန်းမာရေးဦးစီးဌာရုံးတစ်ခုတည်းသာ ကျန် ရှိတော့ကြောင်း မြို့ခံများ၏ ပြောကြားချက် အရ သိရသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်နယ်မြေ အတွင်းရှိ မွန်ပြည်နယ် ရေးမြို့နယ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်မှစတင်ကာ  Martial Law ကျင့်သုံးကြောင်း နစက က ထုတ်ပြန်ကြေ ညာထားကြောင်း သိရသည်။

Most Read

Most Recent