မလေးရှားနိုင်ငံ၌ ကျင်းပမည့် ISTAF World Cup ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည်

မလေးရှားနိုင်ငံ၌ ကျင်းပမည့် ISTAF World Cup ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်း ယှဉ်ပြိုင်မည်
Photo: ISTAF
Photo: ISTAF
Published 24 April 2024

 

မေ ၂၁ ရက်မှ ၂၆ ရက်အထိ မလေးရှားနိုင်ငံ၌ ကျင်းပမည့် ISTAF World Cup ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မြန်မာပိုက်ကျော်ခြင်းအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ယင်းပြိုင်ပွဲတွင် အဆင့်သတ်မှတ်ချက် နှစ်မျိုးခွဲ၍ ကျင်းပမည်ဖြစ်ပြီး Premier အဆင့်တွင် မြန်မာအပါအဝင် ထိုင်း၊ မလေးရှား၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဘရူနိုင်း၊ ဂျပန်၊ ဖိလစ်ပိုင်၊ တရုတ်၊ Davision-1 အဆင့်တွင် ပြင် သစ်၊ သီရိလင်္ကာ၊ နီပေါ၊ အီရန်၊ တရုတ်တိုင်ပေ၊ ဆော်ဒီအာရေဗျ၊ ဂျာမနီ၊ ပါကစ္စတန် နှင့် ဘင်္ဂလားဒေ့ရှ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

အဆင့်သတ်မှတ်ချက်အရ အင်အားကြီးနိုင်ငံအများစုမှာ Premier အဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ပိုက်ကျော်ခြင်းဖွံ့ဖြိုးဆဲ နိုင်ငံများမှာမူ Davision-1 အဆင့်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယခုပြိုင်ပွဲတွင် Premier  အဆင့် ယှဉ်ပြိုင်မည့် နိုင်ငံများကို Ranking သတ်မှတ်မည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားများကိုလည်း စိတ်ကြိုက် ရွေးချယ်ခွင့်မရှိဘဲ အားလုံးယှဉ်ပြိုင်ရမည် ဖြစ်သည်။ Premier  အဆင့်ပြိုင်ပွဲတွင် သုံး ယောက်တွဲပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်နိုင်ငံများအနေဖြင့် ပြိုင်ပွဲအမျိုးအစားအားလုံး ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာပိုက်ကျော်ခြင်း အသင်းသည် ယင်းပြိုင်ပွဲအတွက် ကစား သမား ၁၂ ဦး ရွေးချယ်ထားပြီး ပြီးခဲ့သည့် နှစ်က ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားအများစု ပြန်လည်ပါဝင်လာခဲ့သည်။ 

ပြိုင်ပွဲဝင်မည့် မြန်မာပိုက်ကျော်ခြင်းအသင်းတွင် အသင်းအုပ်ချုပ်သူအဖြစ် ဦးအောင်မျိုးစံမြင့်၊ နည်းပြအဖြစ် ဦးအောင်ချိုမြင့်၊ ကစားသမားများအဖြစ် အောင်မျိုးကျော်၊ ထူးအောင်ကျော်၊ မင်းသန့်သူ၊ ဝင်းဇော်ဇော်ဦး၊ ဝင်းကျော်၊ ဇင်ကိုကို၊ ဇင်မင်းဦး၊ ရှိန်းဝဏ္ဏဇော်၊ သန့်ဇင်ထွန်း၊ စစ်လင်းထွဋ်၊ ဖေငြိမ်းချမ်းနှင့် ရန်ပိုင်ဦးတို့ ပါဝင်ကြသည်။ 

မြန်မာပိုက်ကျော်ခြင်းအသင်းသည် ISTAF World Cup 2024 ပိုက် ကျော်ခြင်းပြိုင်ပွဲအတွက် ယခုလနောက်ဆုံးပတ်အတွင်း စတင်လေ့ကျင့်ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent