■ အိုလံပစ်ပြိုင်ပွဲအတွက် မက်ဆီကို ဖိတ်ခေါ်ထားပြီးဖြစ်သည်ဟု မာရှေရာနို ပြောကြား

■ အိုလံပစ်ပြိုင်ပွဲအတွက် မက်ဆီကို ဖိတ်ခေါ်ထားပြီးဖြစ်သည်ဟု မာရှေရာနို ပြောကြား
Photo: Sky Sports
Photo: Sky Sports
Published 8 March 2024

အာဂျင်တီးနား ယူ-၂၃ အသင်း၏နည်းပြ မာရှေရာနိုက ၂၀၂၄ ပါရီ အိုလံပစ်ပြိုင်ပွဲအတွက် အသင်းဖော်ဟောင်းဖြစ်သူ တိုက်စစ်မှူး မက်ဆီကို တရားဝင်ဖိတ်ခေါ်ထားပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

မာရှေရာနိုသည် ၂၀၂၄ ပါရီအိုလံပစ် ပြိုင်ပွဲတွင် အာဂျင်တီးနားအိုလံပစ်အသင်း၌ အသက်ကျော်ကစားသမားတစ်ဦးအဖြစ် မက်ဆီကိုရွေးချယ်ရန် ကမ်းလှမ်းထားခြင်းဖြစ်ပြီး ထပ်မံဆွေးနွေးသွားရန် သဘောတူညီမှုရယူသွားလိုသည်ဟုလည်း ဆိုခဲ့သည်။ 

"အိုလံပစ် ပြိုင်ပွဲမှာ ကျွန်တော်တို့နဲ့ပူးပေါင်းဖို့ လီယို(မက်ဆီကို) ကျွန်တော်တို့ ဖိတ်ခေါ်ထားပါတယ်။ ထပ်ပြီးဆွေးနွေးသွားဖို့လည်း သဘော တူညီမှု ရယူထားပါတယ်။ လွယ်ကူတဲ့အခြေအနေမဟုတ်ဘူးဆိုတာလည်း ကျွန်တော်တို့ သိထားပါတယ်။ သူတို့ရဲ့ မေဂျာလိဂ် ရာသီက အစပိုင်းပဲ ရှိနေဦးမှာကြောင့်ပါ။ သူ့ကို ကျွန်တော်တို့ အချိန်ပေးသွားမှာပါ"ဟု မာရှေရာနို က ပြောကြားခဲ့သည်။ 

ဒီမာရီယာနှင့်ပတ်သက်၍မူ "ဒီမာရီယာက အဲဒီပြိုင်ပွဲမှာ မပါဝင်ချင်တော့ဘူးလို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်။ သူက တခြားလူငယ်ကစားသမားတစ်ယောက်ကို အခွင့်အရေးရစေချင်တာကြောင့်ပါ"ဟု မာရှေရာနိုက ပြောကြားခဲ့သည်။

Most Read

Most Recent