ဘိုင်ယန်မြူးနစ်နှင့်ပွဲမှ ဆာရီ၏နည်းစနစ်ကို ကာပယ်လို ဝေဖန်

ဘိုင်ယန်မြူးနစ်နှင့်ပွဲမှ ဆာရီ၏နည်းစနစ်ကို ကာပယ်လို ဝေဖန်
Photo: Italian Football TV
Photo: Italian Football TV
Published 7 March 2024

အင်္ဂလန်နည်းပြဟောင်းက ကာပယ်လိုက ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်သည့်ပွဲမှ လာဇီယိုနည်းပြ ဆာရီ၏နည်းစနစ်ကို ဝေဖန်ပြောကြားခဲ့သည်။

လာဇီယိုအသင်းသည် ပြီးခဲ့သည့်အင်္ဂါနေ့က ကစားခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းကို အဝေးကွင်းတွင် (၀-၃) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

ကာပယ်လိုက ''နည်းစနစ်တစ်မျိုးတည်းနဲ့ ပွဲတိုင်း ကစားလို့ မရပါဘူး။ ၄-၃-၃ နဲ့ အဆင်မပြေဘူးဆိုရင် တခြားကစားကွက်ကို ပြောင်းရမှာပါ။ အီတလီကလပ်တွေက မြန်နှုန်းမြှင့်ကစားတဲ့ အသင်းတွေကို မယှဉ်နိုင်သေးပါဘူး''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent