အဲဗာတန်ကွင်းလယ်လူ အိုနာနာအား ခေါ်ယူရန် ဘာစီလိုနာ စိတ်ဝင်စားနေကြောင်း Sport ဖော်ပြ

အဲဗာတန်ကွင်းလယ်လူ အိုနာနာအား ခေါ်ယူရန် ဘာစီလိုနာ စိတ်ဝင်စားနေကြောင်း Sport ဖော်ပြ
Photo: Getty Images
Photo: Getty Images
Published 4 March 2024

စပိန်ထိပ်သီး ဘာစီလိုနာအသင်းသည် ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းမှ ဘယ်လ်ဂျီယံကွင်းလယ်လူ အိုနာနာအား ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သိရသည်။

စပိန်အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်သည့် Sport က ဘာစီလိုနာအသင်းအနေဖြင့် အိုနာနာအား လာမည့်နွေရာသီအပြောင်းအရွှေ့တွင် ခေါ်ယူရန်ပစ်မှတ်ထားနေကြောင်းဖော်ပြခဲ့ခြင်းလည်း ဖြစ်သည်။

ထို့ပြင် အိုနာနာကို စိတ်ဝင်စားသည့် အသင်းများထဲ၌ ပရီးမီးယားလိဂ်ထိပ်သီးတစ်သင်းဖြစ်သည့်  မန်ချက်စတာယူနိုက်တက်အသင်းလည်း ပါဝင်နေကြောင်းသိရသည်။

အဲဗာတန်အသင်းအနေဖြင့် ဆီနီဂေါနွယ်ဖွား အိုနာနာ (၂၂ နှစ်)အတွက် ပြောင်းရွှေ့ကြေးကို အနည်းဆုံးယူရိုသန်း (၆၀)ဝန်းကျင် အလိုရှိနေပြီး ကစားသမားကိုယ်တိုင်ကလည်း ဥရောပထိပ်သီးအသင်းများတွင် သွားရောက်ကစားရန် ဆန္ဒရှိနေသည်။

အိုနာနာသည် အဲဗာတန်အသင်းအတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၆၁)ပွဲကစားကာ (၄)ဂိုး သွင်းယူထားသည်။

Most Read

Most Recent