ဘယ်လင်ဟမ်သည် ဇီဒန်းနှင့်တူကြောင်း ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို ဆို

ဘယ်လင်ဟမ်သည် ဇီဒန်းနှင့်တူကြောင်း ဘရာဇီးလ်ဂန္ထဝင် ရော်နယ်လ်ဒို ဆို
Photo: Madrid Xtra
Photo: Madrid Xtra
Published 14 March 2024

ဘရာဇီးလ်နှင့် ရီးယဲလ်ဂန္ထဝင်တိုက်စစ်မှူး ရော်နယ်လ်ဒိုက ဘယ်လင်ဟမ်သည် ၎င်း၏ရီးယဲလ်အသင်းဖော်ဟောင်း ဇီဒန်းကဲ့သို့ စွမ်းရည်မျိုးရှိသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

အသက် (၂၀) အရွယ်ရှိ အင်္ဂလန်ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် ပြီးခဲ့သည့်နွေကမှ ဒေါ့မွန်မှ ရီးယဲလ်အသင်းထံသို့ Add-ons ကြေးအပါအဝင် ယူရို (၁၃၃.၉) သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

ဘယ်လင်ဟမ်သည် ရီးယဲလ်အသင်းတွင် ၎င်း၏ Idol ဖြစ်သူ ဇီဒန်း ဝတ်ဆင်ခဲ့သည့် ကျောနံပါတ်(၅)ကို ဝတ်ဆင်ကစားပြီး ခြေစွမ်းပြနေသည်။

ရော်နယ်လ်ဒိုက ''ဘယ်လင်ဟမ် ကစားတာကို ကျွန်တော် သဘောကျပါတယ်။ သူ ပွဲတိုင်းနီးပါး ဂိုးသွင်းနေတာပါ။ သူဟာ ဇီဒန်းလို စွမ်းရည်မျိုးရှိသူဖြစ်ပြီး သူ့ကို မြင်ရတာ ဇီဒန်းကိုတောင် သတိရစေပါတယ်''ဟု ဆိုခဲ့သည်။

ဘယ်လင်ဟမ်သည် ယခုရာသီပြိုင်ပွဲစုံ (၃၁) ပွဲတွင် ဂိုး(၂၀)သွင်းကာ ဂိုးဖန်တီးမှု (၉) ကြိမ်ပြုလုပ်ထားသည်။

Most Read

Most Recent