ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်

ယူရိုပါလိဂ်နှင့် ကွန်းဖရန့်လိဂ် ဆီမီးဖိုင်နယ်ဒုတိယအကျော့ ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 9 May 2024

အတ္တလန်တာ နှင့် မာဆေးလ် (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ပြင်သစ်မြေမှာ မာဆေးလ်ကို ရင်ဆိုင်ကစားခဲ့တဲ့ အတ္တလန်တာရဲ့ခြေစွမ်းကို အသိအမှတ်ပြုရလိမ့်မယ်။ မာဆေးလ်က ဥရောပအစဉ်အလာသာတဲ့အသင်း ဆိုပေမဲ့ အတ္တလန်တာကတော့ အသင်းလိုက်ဟန်ချက်ညီမှုနဲ့ တုံ့ပြန်သွားခဲ့တာဖြစ်တယ်။  မာဆေးလ်က ဒီရာသီ ယူရိုပါလိဂ် အဝေးကွင်း(၆)ပွဲမှာ (၁)ပွဲသာ အနိုင်ရပြီး Knock-out အဆင့်၊ (၁၆)သင်းအဆင့်ပွဲတွေမှာ အဝေးကွင်း(၂)ပွဲဆက် အရေးနိမ့်ထားခဲ့တယ်။ မာဆေးလ်အသင်းမှာ အူဘာမီယန်းသာ ဂိုးမရရင် အရည်အသွေးမြင့် တိုက်စစ်ကစားသမားက ရှားပါတယ်။ အတ္တလန်တာတိုက်စစ်က ပွဲထွက်နဲ့ အရန်တွေအကြား ခြေစွမ်းကွာဟချက်မရှိတာကလည်း အားသာချက်တစ်ခုပါပဲ။ အိမ်ရှင်ပဲ ကြိုက်တယ်။

လေဗာကူဆင် နှင့် ရိုးမား (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ဥရောပကလပ်ပြိုင်ပွဲတွေမှာ ရိုးမားအသင်းရဲ့ဗိုလ်လုပွဲ (၃)နှစ်ဆက်တက်ခွင့် အိပ်မက်ကတော့ ပျက်သုဉ်းလုနီးပါး အခြေအနေကို ရောက်ရှိနေခဲ့ပါပြီ။ ယူရိုပါလိဂ် ဆီမီးနှစ်ကျော့ကစားရတဲ့ကာလမှာ စီးရီးအေမှာလည်း ပွဲကျပ်တွေ ဆက်တိုက်ကစားနေရတာက ရိုးမားအဖို့ ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ရတော့မယ့် အနေအထားပါပဲ။ ရောမမြေမှာ ရိုးမားအသင်း ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့တာကလွဲလို့ တိုက်စစ်ပိုင်းစွမ်းဆောင်ရည်မှာ လေဗာကူဆင်အသင်း အတော်လေးသာခဲ့တယ်။ လေဗာကူဆင်ကတော့ ပထမအကျော့ ဂိုးပြတ်နိုင်ထားခဲ့လို့ အိမ်ကွင်းဖြစ်ပေမဲ့ သိပ်စွန့်စားကစားတော့မယ် မထင်ဘူး။ လေဗာကူဆင် ဂိုးပြတ်ဖို့ခက်တယ်။

အိုလံပီယာကော့စ် နှင့် အက်စတွန်ဗီလာ (မြန်မာစံတော်ချိန် သောကြာနံနက် ၁း၃၀ နာရီ)

ပထမအကျော့ အိမ်ကွင်းမှာ ဗီလာအသင်း အရေးနိမ့်ခဲ့ပေမဲ့ ကံဆိုးခဲ့လို့သာ ရှုံးပွဲတွေ့ခဲ့ရတာဖြစ်တယ်။ ဒီရလဒ်ကြောင့် ဗိုလ်လုပွဲတက်ဖို့ အခွင့်အရေးအတော်နည်းသွားပေမဲ့ အူနိုင်းအမ်မရီရဲ့အသင်းမှာ ပွဲအဖြေကို ပြောင်းပြန်လုပ်နိုင်တဲ့ လူအင်အား၊ ခြေစွမ်းပိုင်းကို ပိုင်ဆိုင်ထားတယ်။ ဂရိမြေက ပြိုင်ဘက်တွေအတွက် ကစားရခက်ပေမဲ့ ဖောင်ဖျက်ရမယ့် ဗီလာနဲ့ စွန့်စားတာပိုကောင်းမယ်။

Most Read

Most Recent