အင်အားအကောင်းဆုံးက စပိန်၊ ရေပန်းအစားဆုံးက အင်္ဂလန်

အင်အားအကောင်းဆုံးက စပိန်၊ ရေပန်းအစားဆုံးက အင်္ဂလန်
Published 8 April 2024
Wai Yan Aung

ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို ရောက်လာတဲ့ အသင်း(၈)သင်းက ဥရောပထိပ်သီး လိဂ်(၄)ခုက ထိပ်သီးအသင်းတွေဖြစ်တာကြောင့် ပရိသတ်တွေအတွက်တော့ ကျေနပ်စရာပါပဲ။ ပြီးခဲ့တဲ့ရာသီတုန်းက ဗိုလ်လုပွဲရောက်ခဲ့တဲ့ စီးရီးအေထိပ်သီး အင်တာမီလန်အသင်းသာ ပါလာခဲ့ရင်တော့ ပိုပြီးပြည့်စုံသွားမှာပါ။ အခုတော့ စီးရီးအေကလပ်တစ်သင်းမှ မပါဝင်တဲ့ ကွာတားဖိုင်နယ်ဖြစ်သွားခဲ့ပါတယ်။ ကွာတားဖိုင်နယ်အဆင့်ကို ပရီးမီးယားလိဂ်က မန်စီးတီးနဲ့ အာဆင်နယ်၊ လာလီဂါက ရီးယဲလ်မက်ဒရစ်၊ ဘာစီလိုနာနဲ့ အက်သလက်တီကို၊ ဘွန်ဒစ်လီဂါက ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်၊ ပြင်သစ်လီဂူးက PSG တို့ တက်ရောက်ခဲ့တာပါ။

 

Most Read

Most Recent