■ ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ် ပွဲစဉ်(၃၁) ပွဲကြိုသုံးသပ်ချက်
Photo: AFP
Photo: AFP
Published 2 April 2024

♦ နော်တင်ဟမ် - ဖူလ်ဟမ် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် နံနက် ၁းဝ၀ နာရီ)

ဖူလ်ဟမ်က ဥရောပဝင်ခွင့်အတွက် ခက်ခဲနေသလို တန်းဆင်းသွားဖို့လည်း မရှိတဲ့အသင်းပါ။ ပြောရရင် ဖိအားတော်တော်နည်းတဲ့အသင်းဖြစ်ပြီး ဒီလိုအသင်းတွေက အမှတ်လိုနေတဲ့ အသင်းတွေကို စိတ်လွတ်ကိုယ်လွတ်ကစားရင်း ဒုက္ခပေးသွားခဲ့တဲ့ အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ရဖူးတယ်။ တကယ်တော့ လက်ရှိခြေစွမ်းက ပိုအရေးကြီးတာပါပဲ။ နော်တင်ဟမ်လည်း မဆိုးဘူးဆိုပေမဲ့ ဖူလ်ဟမ်သရေတော့ ယူနိုင်တယ်။

♦ နယူးကာဆယ် - အဲဗာတန် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် နံနက် ၁းဝ၀ နာရီ)

နယူးကာဆယ်က ဝက်စ်ဟမ်းကို အနိုင်ကစားခဲ့တဲ့ပွဲမှာ ကောင်းမွန်တဲ့ စုဖွဲ့မှုနဲ့ တိုက်စစ်ကစားဟန်ကို ပြသနိုင်ခဲ့တယ်။ ၁-၃ ဂိုးဆိုတဲ့ အနေအထားကနေ လိုက်ကစားရတာဆိုပေမဲ့ ဝက်စ်ဟမ်းက ရှားရှားပါးပါး အခွင့်အရေးတွေကို အပိုင်အသုံးချသွားလို့ နယူးကာဆယ် အသည်းအသန် ပြန်လိုက်ရတာပါ။ ခြေစွမ်းအရတော့ အပြတ်အသတ်အသာစီးရခဲ့တာကိုတွေ့ရပါတယ်။ ဒီပွဲလည်း နယူူးကာဆယ်ကိုပဲ ကြိုက်တယ်။

♦ ဘုန်းမောက် - ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် နံနက် ၁း၁၅ နာရီ)

ဘုန်းမောက်နဲ့ ပဲလေ့စ်က အဆင့် ၁၃ နဲ့ ၁၄ မှာ အထက် အောက်ရပ်တည်နေတဲ့အသင်းတွေပါ။ ဒါပေမဲ့ ရမှတ်က ၈ မှတ်တောင်ကွာတာ တွေ့ရတယ်။ နှစ်သင်းစလုံး ကစားပုံမဆိုးပေမဲ့ ဘုန်းမောက်ကစားတာ ပိုကောင်းပါတယ်။ အထူးသဖြင့် ဘုန်းမောက်နဲ့ ပဲလေ့စ်က တိုက်စစ်ကစားပုံတော်တော်လေးကွာတယ်။ ဘုန်းမောက်ကိုပဲ ကြိုက်တယ်။

♦ ဘန်လေ - ဝုလ်ဗ် (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် နံနက် ၁း၁၅ နာရီ)

ဘန်လေက ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ ပွဲချိန် မိနစ် ၄၀ ကတည်းက ပယ်နယ်တီပေးရ၊ ကစားသမားတစ်ဦးအထုတ်ခံရနဲ့ သေချာပေါက်ရှုံးမယ့်အခြေအနေကနေ သရေတစ်မှတ်ယူနိုင်ခဲ့တယ်။ တစ်မှတ်ထက်ပိုတန်ဖိုးရှိတာက အသင်းရဲ့ စိတ်ဓာတ်ပိုင်းကို တော်တော်လေး အထောက်အကူပေးခဲ့တဲ့ အချက်ပါ။ ဘန်လေ သရေတစ်မှတ်လောက်တော့ ထပ်ယူနိုင်မယ်။

♦ ဝက်စ်ဟမ်း - စပါး (မြန်မာစံတော်ချိန် ဧပြီလ ၃ ရက် နံနက် ၁း၄၅ နာရီ)

လန်ဒန်မြို့ခံကလပ်အသင်း နှစ်သင်းရဲ့ ပွဲစဉ်ဖြစ်ပြီး စပါးအသင်း ခက်ခက်ခဲခဲ ကစားရလိမ့်မယ်။ ဒါပေမဲ့ ချယ်လ်ဆီးနဲ့ ကစားရမယ့် မန်ယူနိုက်တက်၊ မန်စီးတီးကွင်းမှာ ကစားရမယ့် ဗီလာတို့ရဲ့ ပွဲအခြေအနေကြောင့် စပါးက ဖိအားအရမ်းမများဘဲ စိတ်အေးလက်အေး ကစားနိုင်မှာပါ။ ဝက်စ်ဟမ်းရဲ့ ခံစစ်ကတော့ နယူးကာဆယ်နဲ့ပွဲမှာ ဆိုးဆိုးရွားရွားကို ပေါက်ထွက်နေခဲ့တာကို တွေ့ရတယ်။ စပါးကိုပဲ ကြိုက်တယ်။

 

Most Read

Most Recent