■ ဘရာဇီးလ်၊ ဘယ်လ်ဂျီယံတို့နှင့်ကစားမည့် အင်္ဂလန်အသင်းလူစာရင်းမှ ဆာကာ နုတ်ထွက်     

■ ဘရာဇီးလ်၊ ဘယ်လ်ဂျီယံတို့နှင့်ကစားမည့် အင်္ဂလန်အသင်းလူစာရင်းမှ ဆာကာ နုတ်ထွက်     
Photo: Getty Images
Photo: Getty Images
Published 22 March 2024

အာဆင်နယ်အသင်း၏ တိုက်စစ်ကစားသမား ဆာကာသည် ဘရာဇီးလ်၊ ဘယ်လ်ဂျီယံတို့နှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည့် အင်္ဂလန်လက်ရွေးစင်အသင်းလူစာရင်းမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။ 

ဆာကာသည် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက ဒဏ်ရာပြဿနာရှိနေကြောင်း အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(FA)ထံ အကြောင်းကြားခဲ့ပြီး ကြာသပတေးနေ့အထိ လေ့ကျင့်မှုမပြုလုပ်နိုင်သဖြင့် လူစာရင်းမှ နုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ဆာကာသည် ဒဏ်ရာအခြေအနေ ပိုမိုဆိုးရွားခြင်းမရှိရန် နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး အာဆင်နယ်အသင်းအတွက် ထိခိုက်နစ်နာမှုမရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ 

အာဆင်နယ်အသင်းသည် မတ်(၃၁)တွင် ပရီးမီးယားလိဂ်၌ မန်စီးတီးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

Most Read

Most Recent