ဘရာဇီးလ်နောက်ခံလူ အဲလ်ဗတ်စ် အာမခံဖြင့် ပြန်လည်လွတ်မြောက်ဖွယ်ရှိ

ဘရာဇီးလ်နောက်ခံလူ အဲလ်ဗတ်စ် အာမခံဖြင့် ပြန်လည်လွတ်မြောက်ဖွယ်ရှိ
Photo: Marca
Photo: Marca
Published 21 March 2024

မုဒိမ်းမှုဖြင့် ထောင်ဒဏ်ကျခံနေရသည့် ဘရာဇီးလ်ဝါရင့်နောက်ခံလူ ဒန်နီအဲလ်ဗတ်စ်သည် အာမခံဖြင့် ပြန်လည်လွတ်မြောက်လာဖွယ်ရှိကြောင်း သိရသည်။

အသက်(၄၀)နှစ်အရွယ်ရှိ အဲလ်ဗတ်စ်အနေဖြင့် ပြီးခဲ့သည့်လက မုဒိမ်းမှုကျူးလွန်ကြောင်း ပြစ်မှုထင်ရှားသောကြောင့် ထောင်ဒဏ်(၄)နှစ်ခွဲ ချမှတ်ခံခဲ့ရသည်။

စပိန်တရားရုံးတစ်ခုက အဲလ်ဗတ်စ်ကို ယူရိုတစ်သန်း အာမခံဖြင့် အာမခံပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဲလ်ဗတ်စ်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကတည်းက အာမခံမရဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရပြီး ပြစ်ဒဏ် လေးပုံတစ်ပုံ ကျခံရပြီးမှ အာမခံရရှိခဲ့ခြင်းဖြစ်သည်။

အဲလ်ဗတ်စ်၏အာမခံတွင် ဘရာဇီးလ်နှင့် စပိန်ပတ်စ်ပို့တ်များ အပ်နှံထားရခြင်း၊ နိုင်ငံအတွင်းမှ ထွက်ခွာခွင့်မရခြင်း၊ တရားလို၏ပတ်ဝန်းကျင် မီတာ(၁၀၀၀)အကွာအဝေးသို့ မလာရောက်ရခြင်း သို့မဟုတ်  မဆက်သွယ်ရခြင်း၊ အပတ်စဉ် တရားရုံးသို့ လာရောက်ပြီး ခံဝန်ထိုးရခြင်းစသည့်အချက်များ ပါဝင်သည်။

တရားလို၏ ရှေ့နေဖြစ်သူ အက်စတာဂါစီယာက ယခုအာမခံပေးသည့် တရားရုံး၏ဆုံးဖြတ်ချက်အပေါ် ကျေနပ်ခြင်းမရှိကြောင်းနှင့် အယူခံဝင်သွားမည်ဖြစ်ကြောင်း စပိန်မီဒီယာ RAC1 သို့ ပြောကြားခဲ့သည်။

အဲလ်ဗတ်စ်၏ရှေ့နေ့များကမူ ယခုအခြေအနေအပေါ် တစ်စုံတစ်ရာမှတ်ချက်ပေးခြင်းမရှိကြောင်း သိရသည်။

Most Read

Most Recent