(၁၅) ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ ကလောမြို့နယ် ဘော်နင်းကျေးရွာတွင် ကျင်းပ

(၁၅) ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ ကလောမြို့နယ် ဘော်နင်းကျေးရွာတွင် ကျင်းပ
Published 12 March 2024

(၁၅) ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ကို ကလောမြို့နယ် ဘော်နင်းကျေးရွာတွင် မတ် ၁၂ ရက်၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

တပေါင်းလဆန်း ၃ ရက်တွင် ကျရောက်သော (၁၅) ကြိမ်မြောက် တောင်ရိုးအမျိုးသားနေ့ကို ကလောမြို့နယ် ဘော်နင်းကျေးရွာတွင် မတ် ၁၁ ရက်နှင့် မတ် ၁၂ ရက်တို့တွင် နှစ်ရက်တိုင် ကျင်းပပြုလုပ်နေကြောင်း သိရသည်။

ယခုနှစ်တွင် တောင်ရိုးအမျိုးသားနေ့ ပွဲတော်ကို အကျဉ်းချုံးကျင်းပပြုလုပ်ခြင်းဖြစ်ကာ တောင်ရိုးတိုင်းရင်းသား ရိုးရာအကအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

မတ် ၁၂ ရက် မနက်ပိုင်းအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့်အဖွဲ့ တက်ရောက်ခဲ့ကြပြီး အခမ်းအနား ဖွင့်လှစ်ဆောင်ရွက်ခဲ့ကာ နေ့လယ်ပိုင်းတွင် အခမ်းအနားပြီးဆုံးခဲ့သည်။

အခမ်းအနားတွင် တောင်ရိုးတိုင်းရင်းသား အကအလှအဖွဲ့များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent