ကချင်ပြည်နယ်ရှိ မြစ်ကြီးနား ‌လေဆိပ်တွင် လေကြောင်းခရီးစဉ်များ ပုံမှန်ပြေးဆွဲပြီ

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား ‌လေဆိပ်တွင် လေကြောင်းခရီးစဉ်များ ပုံမှန်ပြေးဆွဲပြီ
Published 10 March 2024

ကချင်ပြည်နယ်ရှိ မြစ်ကြီးနား ‌လေဆိပ်တွင် လေကြောင်းခရီးစဉ်များ ပုံမှန်ပြေးဆွဲနေပြီဖြစ်ကြောင်း ခရီးသွားလုပ်ငန်းအေဂျင်စီများနှင့် လေယာဉ်လက်မှတ် အ‌ရောင်းကိုယ်စားလှယ်အချို့ထံမှ သိရသည်။

“ ဒီနေ့ပြန်ဖွင့်ပါပြီ။ လေ‌‌ကြောင်းလိုင်းတွေလည်း ပြန်ပြေး ‌နေပြ်ီ”ဟု မြစ်ကြီးနားမြို့ရှိ လေယာဉ်လက်မှတ် အရောင်း ကိုယ်စားလှယ်တစ်ဦးက ‌ပြောကြားသည်။

မြစ်ကြီးနားလေဆိပ်ကို မတ် ၉ ရက်က ယာယီပိတ်သိမ်းထားခဲ့ရာ ခရီးစဉ်များကို မတ် ၉ ရက်နံနက်မှစပြီး ခေတ္တရပ်နားထားပြီး လေယာဉ်လက်မှတ် ရောင်းချခြင်းကို ယာယီရပ်နားထားခဲ့ရသည်။

မတ် ၁၀ ရက်တွင် လေဆိပ်ကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ ပြီး လေ‌ကြောင်းခရီးစဉ်များကိုလည်း ပြန်လည်ပြေးဆွဲနိုင်ခဲ့သည်။

လေ‌ကြောင်းခရီးစဉ်များအတွက် လေယာဉ်လက်မှတ်များကို ဧပြီလမှသာ အသစ်ဝယ်ယူနိုင်မည်ဟု လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်အချို့က ‌ပြောကြားသည်။

“အခုက အရင်ရောင်းထားတဲ့ လက်မှတ်တွေအတွက်ပဲရှိတော့ တယ်။ ဧပြီနောက်ပိုင်းလောက်မှ ခရီးစဉ်အသစ်အတွက် လက်မှတ် ‌တွေ ရမယ်”ဟု အရောင်းကိုယ်စားလှယ်တစ်ဦးက ‌ပြောကြား သည်။

မြစ်ကြီးနားသို့ အပြည်ပြည်ဆိုင်ရာမြန်မာ လေကြောင်းလိုင်း MAI နှင့် မန်းရတနာပုံ လေကြောင်းလိုင်းက နေ့စဉ်ပျံသန်းလျက်ရှိပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း MNA လည်း ပျံသန်းလျက်ရှိကြောင်း သိရသည်။

အချို့လေကြောင်းလိုင်းများမှာ ကချင် ပြည်နယ် ဗန်းမော်နှင့် ပူတာအို လေဆိပ်များသို့  မြစ်ကြီးနားလေဆိပ်မှတစ်ဆင့် ထပ်မံပျံသန်း ခြင်းဖြစ်သည်။

Most Read

Most Recent