■ ဗန်ဒိုက်ပြောတဲ့ ဗန်ဒိုက်အကြောင်း (၁) 

■ ဗန်ဒိုက်ပြောတဲ့ ဗန်ဒိုက်အကြောင်း (၁) 
Photo : Getty Images
Photo : Getty Images
Published 21 March 2024
AK

လူမှုကွန်ရက်ကြီးစိုးလွှမ်းမိုးထားရာ မော်ဒန်ကမ္ဘာကြီးထဲ တိတ်တိတ်လေးသာနေချင်ပါတော့တယ်။ တစ်ကိုယ်ရည်စာအတွေးတွေနဲ့ ပျော်မွေ့ရမယ့် သီးသန့်ဆန်ဆန်ကမ္ဘာငယ်လေးထဲ စိတ်လက်ကြည်မြနေချင်ပါတယ်။ အတုအယောင်လူမှုဆက်ဆံရေးပတ်ဝန်းကျင်မှာ ပျော်နေသူတွေ မြင်ရတဲ့အခါတိုင်း ဝမ်းနည်းမိပါတယ်။ အောင်ပွဲတွေနဲ့ ရွှန်းလက်နေချိန်မှာ လူတွေဟာလိုအပ်တာထက် ပိုအကောင်း မြင်တတ်ပြီး ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ခပ်လွယ်လွယ်ပြစ်တင်တတ်တဲ့ ခေတ်ပေါ်ယဉ်ကျေးမှုကို မုန်းတီးနေမိတာ၊ စိတ်အချဉ်ပေါက်နေမိတာ။ အဲဒီလူဟာ ဗန်ဒိုက်ပါပဲ။ "ကျွန်တော်တို့ နိုင်ပွဲရတဲ့ အခါ အရာအားလုံးဟာ သာယာလှပနေပါတယ်။ ကျွန်တော်ကလည်း ကမ္ဘာ့အကောင်းဆုံး နောက်ခံလူကြီးပေါ့။ ဒီအကြောင်းကို လူတွေပြောလို့ မဆုံးနိုင်ဘူး။ ကျွန်တော်တို့ ရှုံးနိမ့်တဲ့အခါ ဒါမှမဟုတ် ဂိုးတွေပေးရတဲ့အခါ အသုံးမကျလိုက်တာကွာဆိုပြီး ပြောကြပါလိမ့်မယ်။ ဒါဟာ ကျွန်တော်တို့ ရှင်သန်ရာဘဝကြီးပါပဲ"လို့ ဗန်ဒိုက်က ရင်ဖွင့်ပါတယ်။  

 

Most Read

Most Recent