ပြိုင်မြင်းသုံးကောင် ဒုန်းစိုင်းပြေးနေတဲ့ (၇)ပွဲအလို ပရီးမီးယားလိဂ်

ပြိုင်မြင်းသုံးကောင် ဒုန်းစိုင်းပြေးနေတဲ့ (၇)ပွဲအလို ပရီးမီးယားလိဂ်
Photo : EPL
Photo : EPL
Published 11 April 2024
Wai Yan Aung

ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ၂၀၂၃-၂၄ ရာသီကတော့ ပန်းအဝင်လမ်းပေါ်မှာ ပြိုင်မြင်းသုံးကောင် ဒုန်းစိုင်းပြေးဝင်လာတာကို မြင်တွေ့ရချိန်ပါပဲ။ ရင်ပေါင်တန်းပြေးလာကြတာဖြစ်လို့ ဘယ်သူရှေ့ဆုံး က ပန်းဝင်နိုင်မလဲဆိုတာ ခန့်မှန်းရခက်နေဆဲပါပဲ။ လောလောဆယ်မှာတော့ အာဆင်နယ်အသင်းက နှာတစ်ဖျားလောက် အသာရနေပါတယ်။ ဒုတိယနေရာက လီဗာပူးလ်အသင်းနဲ့ (၇၁)မှတ်စီ အမှတ် တူအနေအထားမှာ ဂိုးကွာခြားချက်(၉)ဂိုးသာနေတာကြောင့် ပထမနေရာ ရှိနေတာပါ။ တတိယနေရာက မန်စီးတီးအသင်းကလည်း အမှတ်(၇၀)ရရှိထားတာကြောင့် (၃)သင်းကြား အမှတ်ကွာဟချက်က (၁)မှတ်သာရှိနေပါတယ်။

 

Most Read

Most Recent