ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆွန်ဟောင်မင် လက်မလျှော့သေး

ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဆွန်ဟောင်မင် လက်မလျှော့သေး
Photo: X
Photo: X
Published 9 May 2024

စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်က မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် လက်မလျှော့သေးကြောင်း ပြောကြားခဲ့သည်။

စပါးအသင်းသည် ပရီးမီးယားလိဂ် (၃၅) ပွဲကစားပြီးချိန်တွင် ရမှတ် (၆၀)မှတ်ဖြင့် အဆင့် (၅)နေရာ ရပ်တည်နေပြီး အဆင့် (၄)မှ (၃၆) ပွဲကစားထားသည့် အက်စတွန်ဗီလာအသင်း (၆၇ မှတ်)နှင့် (၇)မှတ်အထိ ကွာဟနေသည်။

သို့သော် ဆွန်ဟောင်မင်က ''လူတိုင်း ချန်ပီယံလိဂ်မှာ ကစားချင်ကြပါတယ်။ ကျွန်တော်တို့အနေနဲ့ ကစားရမယ့်ပွဲတွေ ကျန်ပါသေးတယ်။ တစ်ခါတလေ ဘောလုံးမှာ မှော်ဆန်တဲ့ အရာတွေဖြစ်တတ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ခက်ခဲနေချိန်မှာ အားလုံးစုပေါင်းပြီး အစွမ်းကုန်ကြိုးစားရမှာပါ''ဟု ပြောကြားခဲ့သည်။ 

Most Read

Most Recent