■ မူဒရစ်အား ပွဲထွက်စာရင်းမှ ချန်လှပ်ရန် မာရက်စကာ တိုက်တွန်းခံရ     

■ မူဒရစ်အား ပွဲထွက်စာရင်းမှ ချန်လှပ်ရန် မာရက်စကာ တိုက်တွန်းခံရ     
Photo: Sky Sports
Photo: Sky Sports
Published 30 August 2024

ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် စကော့တလန်ဘောလုံးသမားဟောင်း ဘာလေက မူဒရစ်အား ပွဲထွက်စာရင်းမှချန်လှပ်ရန် ချယ်လ်ဆီးနည်းပြ မာရက်စကာကို တိုက်တွန်းခဲ့သည်။ 

မူဒရစ်သည် ယခုရာသီတွင် ချယ်လ်ဆီးအသင်း$ပွဲထွက် ခွင့်ရနိုင်သော်လည်း ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့်ရင် ဆိုင်နေရသည်။ 

ယခုအခါ ဘာလေက "ဝုလ်ဗ်နဲ့ပွဲမှာ မာဒူအေ ကေ ကစားတာ အရမ်းကောင်းပါတယ်။ သူ့ကြောင့် ဂျက်ဆင်လည်း အဆင်ပြေတယ်။ မူဒရစ်ကတော့ ဘယ်လိုမှ အဆင်မပြေပါဘူး။ သူ့ကို ပွဲထွက်ခွင့်ပေးနေတာက အချိန်ဖြုန်းနေတာနဲ့ အတူတူပါပဲ။ သူ့နေရာမှာ နေတိုကိုပဲ ပွဲထွက်ခွင့်ပေးသင့်တယ်။ မူဒရစ်က ခြေစွမ်းတစ်သတ်မတ်တည်းရှိတဲ့ ကစားသမား မဟုတ်ပါဘူး"ဟု ပြောကြားခဲ့သည်။ 

အသက် (၂၃) နှစ်အရွယ်ရှိ ယူကရိန်းလက်ရွေးစင်ကစားသမား မူဒရစ်သည် ၂၀၂၃ ဇန်နဝါရီတွင် ရှက်တာဒိုးနက်အသင်းမှ ချယ်လ်ဆီးအသင်းထံသို့ Add-ons ကြေးအပါအဝင် ပေါင် (၈၉) သန်းဖြင့် ရောက်ရှိလာသူဖြစ်သည်။ 

၎င်းသည် ပြီးခဲ့သည့် ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၆၀) ကစားရာတွင် (၇) ဂိုးသာ သွင်းယူထားနိုင်သေးပြီး ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ 

မူဒရစ်အနေဖြင့် လက်ရှိတွင် ချယ်လ်ဆီးအသင်း၌ ပွဲထွက်ခွင့်ရနေသော်လည်း နေတိုနှင့် ဂျော်အိုဖေးလစ်တို့ ရောက်ရှိလာခြင်းကြောင့် နေရာရရန် ရုန်းကန်ရဖွယ်ရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။ 

Most Read

Most Recent