အနီရောင်လန်ဒန်ကလပ်ကို စွန့်ခွာရတော့မယ့် စမစ်ရိုး

အနီရောင်လန်ဒန်ကလပ်ကို စွန့်ခွာရတော့မယ့် စမစ်ရိုး
Photos: Getty Images
Photos: Getty Images
Published 20 July 2024
Zay Yar Htun

စမစ်ရိုးနဲ့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ သတင်းက အခုရက်ပိုင်းမှာ ခပ်စိတ်စိတ်ထွက်လာတယ်။ စမစ်ရိုးအတွက် ဖူလ်ဟမ်အသင်းရဲ့ ကမ်းလှမ်းမှုကို အာဆင်နယ်ပယ်ချခဲ့တယ်လို့ BBC က ဖော်ပြခဲ့တယ်။ ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရ အက်စတွန်ဗီလာကလည်း စမစ်ရိုးကို စောင့်ကြည့်နေတယ်။ ဒါ့အပြင် လိုက်ပ်ဇစ်ကလည်း စမစ်ရိုးကို လိုချင်တယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလကတည်းက လိုက်ပ်ဇစ်က စမစ်ရိုးကို ပစ်မှတ်ထားခဲ့တာပါ။ ဂျာမန်မီဒီယာတွေကတော့ အသင်းနဲ့ အနာဂတ်လှုပ်ခတ်နေတဲ့ အော်လ်မိုနေရာအတွက် လိုက်ပ်ဇစ်က စမစ်ရိုးကို လိုချင်နေတာလို့ ဖော်ပြခဲ့တယ်။ ထိုက်တန်တဲ့ ပြောင်းရွှေကြေးရရင် အာဆင်နယ်အသင်းအနေနဲ့ စမစ်ရိုးကို လက်လွှတ်ဖွယ်ရှိနေပြီး သူ ကိုယ်တိုင်ကရော ဘယ်လိုအသင်းကို ရွေးချယ်သွားမလဲ၊ ဥရောပဘောလုံးစင်မြင့်ထက်ကိုရော ပြန်လည်တက်ရောက်နိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်ကောင်းနေတယ်။

 

Most Read

Most Recent