အားကြီးသူသာ အနိုင်ရ စတမ်းသီအိုရီရဲ့ ဆန့်ကျင်ဘက်အရပ်က ဆွစ်ဇာလန်

အားကြီးသူသာ အနိုင်ရ စတမ်းသီအိုရီရဲ့ ဆန့်ကျင်ဘက်အရပ်က ဆွစ်ဇာလန်
Photos: AFP
Photos: AFP
Published 3 July 2024
AK

လက်ရှိချန်ပီယံ အီတလီကိုကျော်ဖြတ်ပြပြီးနောက် ဆွစ်ဇာလန်ရဲ့ ယုံကြည်စိတ်ဟာ တိမ်တွေနေတဲ့အရပ်ဆီ ရောက်ခဲ့ပြီ။ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆွစ်ဇာလန်က သူတို့ရဲ့ မာဂုဏ်ကို အမြဲတမ်း ပြသနိုင်လေ့ရှိတယ်။ ဒီတစ်ခါ ယူရို ၂၀၂၄ မှာ လောက် သူတို့အတွက် ဂုဏ်ယူစရာကောင်းမယ်မထင်ဘူး။ အီတလီက သမိုင်းတစ်လျှောက်အညံ့ဆုံးအီတလီ ဖြစ်နေလို့ နိုင်တာပါဆိုပြီး ဆွစ်ဇာလန်ရဲ့ ဖြစ်တည်မှုကို ပြက်ရယ်မပြုစေချင်ဘူး။ ဂျာမန်မြေမှာ ဆွစ်တောင်တန်းလှလှလေး မြင်တွေ့ခံစားခွင့်ရနေတာ ရင်ခုန်စရာပါ။ ဒီလိုအောင်ပွဲမျိုးဟာ ဘောလုံးလောကရဲ့ အလှတရားတစ်ခုပါပဲ။ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတဲ့ ယူရိုပြိုင်ပွဲရဲ့ အစဉ်အလာလည်း ဖြစ်တယ်။ အားကြီးသူသာ အနိုင်ရ စတမ်းဆိုတဲ့ လောကသီအိုရီကို ဆန့်ကျင်ပုန်ကန်ခဲ့တာလည်း ဖြစ်ပြန်တယ်။ ဘဝမယ်တိုက်ခိုက်လို စိတ်သာရှိရင် ဘယ်လိုတိုက်ပွဲမျိုးမဆို အောင်မြင်နိုင်တယ်ဆိုတာ ဆွစ်ဇာလန်က သက်သေပြလိုက်တာပါပဲ။