တောင်ပေါ်မြို့ဖြစ်သည့် ကလောမြို့တွင် ကလော‌‌ချောင်းရေ မြင့်တက်မှုကြောင့် မြို့‌ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်

တောင်ပေါ်မြို့ဖြစ်သည့် ကလောမြို့တွင် ကလော‌‌ချောင်းရေ မြင့်တက်မှုကြောင့် မြို့‌ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်
Published 11 September 2024

တောင်ပေါ်မြို့ဖြစ်သည့် ကလောမြို့တွင် ကလော‌‌ချောင်းရေ မြင့်တက်မှုကြောင့် မြို့‌ပေါ်ရပ်ကွက်အချို့ ရေနစ်မြုပ်လျက်ရှိ‌ကြောင်း ကလောမြို့ခံများက ပြောကြားသည်။

စက်တင်ဘာ ၁၀ ရက် ညနေပိုင်းမှစတင်ကာ မိုးရွာသွန်းမှုများလာသဖြင့် ကလောချောင်းရေမြင့်တက်လာခဲ့ပြီး ရေကြီးရေလျှံမှုများ စတင်ဖြစ်ပွားလာခြင်းဖြစ်သည်။

ငယ်စဉ်က ရေကြီးခြင်းကို ကြုံတွေ့ခဲ့ရသော်လည်း ယခုအ‌ခြေအနေမှာ အဆိုးဆုံးဖြစ်သည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီမှ ဦးနန္နာလှမြင့်က ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။

“မုန်တိုင်းမိုးကြောင့် ကလောချောင်းရေလျှံပြီး ကလောမြို့ရပ်ကွက် အချို့ ရေကြီးနစ်မြုပ်ခဲ့ပါတယ်။ ကျနော့်တို့အိမ်လဲ နစ်မြုပ်ခဲ့ပြီး ခြံထဲလူတစ်ရပ်ကျော် အိမ်ပေါ်ငါးပေခန့် အထိရေတက်လာတဲ့အတွက် မိသားစုများဘေးလွတ်ရာ ထွက်ခဲ့ရပြီး အိမ်ကိုပစ်ထားခဲ့ရပါတယ်။ အိမ်ထဲကပစ္စည်းအများစု ပျက်စီးမယ်လို့ ထင်ရပါတယ်။ ငယ်စဉ်က ရေကြီးတာကိုကြုံခဲ့ရပေမဲ့ ဒီတစ်ခေါက်ရေကြီးမှုဟာ ကျနော့်တစ်သက်မှာ အဆိုးဆုံးအခြေအနေပါ” ဟု ဦးနန္ဒာလှမြင့်က ရေးသားထားသည်။

ထို့ပြင် ကလောမြို့ မောမြေဦးပန်းခြံ၊ အထက ၁၊ မြို့နယ်ခန်းမ၊ ရပ်ကွက် ၃၊ ရပ်ကွက် ၄ ကလောဘူတာနှင့် တောင်ကြီးအသွားလမ်းနှင့် အင်ပြင်တို့တွင်လည်း တောင်ကျရေများ‌ကြောင့် ကလောချောင်းရေလျှံမှုဖြစ်ကာ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားလျက်ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

ကလောမြို့မှာ ၁၉၉၃ ခုနှစ်ခန့်ကလည်း ကလောချောင်းရေမြင့်တက်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ထပ်မံဖြစ်ပွားခြင်းမရှိခဲ့ဘဲ ယခုနှစ်တွင် ပြန်လည်ကြုံတွေ့ရခြင်းဖြစ်သည်။

Most Read

Most Recent