မာဒူရိုကိုလုပ်ကြံရန် ကြံစည်ထားသော စီအိုင်အေဦးဆောင်သည့်အဖွဲ့ကို ဗင်နီဇွဲလားတွင် ဖမ်းမိ

မာဒူရိုကိုလုပ်ကြံရန် ကြံစည်ထားသော စီအိုင်အေဦးဆောင်သည့်အဖွဲ့ကို ဗင်နီဇွဲလားတွင် ဖမ်းမိ
Published 17 September 2024

သမ္မတနစ်ကိုးလပ်မာဒူရိုအားလုပ်ကြံရန် ပူးပေါင်းကြံစည်ထားသည့် နိုင်ငံခြားသားခြောက်ဦးကို ဖမ်းမိထားပြီး ၎င်းကြံစည်မှုကို စီအိုင်အေကဦးဆောင်ခဲ့ကြောင်း ဗင်နီဇွဲလား အာဏာပိုင်များက ထုတ်ဖော်ပြောကြားသည်။

 အမေရိကန်နိုင်ငံသားသုံးဦး ၊ စပိန်နိုင်ငံသား နှစ်ဦးနှင့်ချက်နိုင်ငံသားတစ်ဦးကို ဖမ်းမိထားခြင်းဖြစ်ပြီး အမေရိကန်ရိုင်ဖယ်အလက် ၄၀၀ ကိုသိမ်းဆည်းရမိခဲ့သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံပိုင်ရုပ်သံမှ ပြည်ထဲရေးဝန်ကြီး ကြေညာချက်အရ လက်ရှိဗင်နီဇွဲလားအစိုးရကိုဖြုတ်ချပြီး ခေါင်းဆောင်ပိုင်းအချို့ကိုလုပ် ကြံရန် ပူးပေါင်းကြံစည်ထားကြခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသားသုံးဦးတွင် စစ်တပ်အမှု ထမ်းတစ်ဦးလည်းပါနေကာ အာဖဂန်နစ္စတန်၊အီရတ်နှင့်ကိုလံဘီယာတို့တွင် တာဝန်ထမ်း ဆောင်ခဲ့သည့် နေဗီဆီးလ်တပ်ဖွဲ့ဝင်တစ်ဦး ဖြစ်နေသည်။

အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာနကလည်း ၎င်းကိစ္စကိုအတည်ပြုခဲ့ သည်။

သို့သော်မာဒူရိုကိုလုပ်ကြံမည့်ကိစ္စ အမေရိကန်အစိုးရနှင့်ပတ်သက်နေသည်မှာ မဟုတ်ပါဟုုငြင်းခဲ့သည်။

မာဒူရိုသည် ဇူလိုင်ရွေးကောက်ပွဲတွင် အငြင်းပွားဖွယ်ထပ်မံအနိုင်ရပြီး အတိုက်အခံခေါင်းဆောင် ဂွန်ဇားလက်စ်က စပိန်သို့ထွက်ပြေးတိမ်းရှောင်နေကာ စပိန်တွင်နိုင်ငံရေးခိုလှုံခွင့်ရထားသည်။

မကြာသေးမီကလည်း ပြည်ပခရီးစဉ်များတွင် မာဒူရိုသုံးသည့်လေယာဉ်ကို ပြုပြင်ထိန်းသိမ်းရေးအတွက် ဒိုမီနီကန်သမ္မတနိုင်ငံသို့ပို့ထားစဉ် အမေရိကန်က သိမ်းပစ်လိုက်သည်။

 Ref;CNN

Most Read

Most Recent