■ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းနှင့် ရခိုင် ပြည်နယ် တို့တွင် လေပွေလှိုင်း တည်ရှိနေပြီး ‌ ‌ဖြည်းညှင်းစွာ ‌ရွေ့လျားနေ

■ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းနှင့် ရခိုင် ပြည်နယ် တို့တွင် လေပွေလှိုင်း တည်ရှိနေပြီး ‌ ‌ဖြည်းညှင်းစွာ ‌ရွေ့လျားနေ
Published 12 September 2024

■ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း မြောက်ပိုင်း၊ ချင်းနှင့် ရခိုင် ပြည်နယ် တို့တွင် လေပွေလှိုင်း တည်ရှိနေပြီး ‌ ‌ဖြည်းညှင်းစွာ  ‌ရွေ့လျားနေ

လေပွေလှိုင်းဖြတ်သန်းရာဒေသများ မိုးကြီးခြင်း၊ ရေကြီးခြင်း၊ ‌မြေပြိုခြင်းများ ကြုံတွေ့ရနိုင်ဟု မိုးဇလ အသိပေး

စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း‌ မြောက်ပိုင်း၊ ချင်းနှင့် ရခိုင် ပြည်နယ် တို့တွင် လေပွေလှိုင်း တည်ရှိနေပြီး ‌ဖြေးညှင်းစွာ ‌ရွေ့လျားနေ သည်ဟု မိုးလေဝသ နှင့် ဇလဗေဒသ ညွှန်ကြားမှု ဦးစီးဌာနက စက်တင်ဘာ ၁၂ ရက် ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာ ၁၂ ရက်  နံနက် ၅ နာရီခွဲ အချိန်တိုင်းထွာချက်များအရ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် အနောက်မြောက်ပိုင်းဒေသ များတွင် ဖြစ်ပေါ်ခဲ့သော လေပွေ လှိုင်း သည် အနောက်-အနောက် ‌မြောက်ဘက်သို့ ဖြည်းညှင်းစွာ ရွေ့လျားခဲ့ပြီး၊ စစ်ကိုင်းတိုင်း ‌ဒေသကြီး‌အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးမြောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဆက်လက်တည်ရှိ နေသည်။

အဆိုပါ လေပွေလှိုင်းသည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာ ဆက်လက်ရွေ့လျားနိုင်ပြီး၊ လာမည့် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းကို ရောက်ရှိနိုင် သည်ဟု မိုးဇလက ခန့်မှန်းသည်။

လေပွေလှိုင်း ဖြတ်ကျော်သည့်ဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ‌ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရန်နှင့်  ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင် သတိပြုရန် မိုးဇလက အသိပေးထားသည်။

ထို့ပြင်ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်ဟု မိုးဇလက ထုတ်ပြန်ထား သည်။

Most Read

Most Recent