ဟာလန်းသည် လက်ရှိတွင် ဘာပေထက် ပိုကောင်းပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဖြစ်ကြောင်း သြစတြီးယားနည်းပြ ရန်းညက် သုံးသပ်

ဟာလန်းသည် လက်ရှိတွင် ဘာပေထက် ပိုကောင်းပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးဖြစ်ကြောင်း သြစတြီးယားနည်းပြ ရန်းညက် သုံးသပ်
Photo: talkSPORT
Photo: talkSPORT
Published 12 September 2024

 

သြစတြီးယားလက်ရွေးစင်နည်းပြ ရန်းညက်က မန်စီးတီးတိုက်စစ်မှူး ဟာလန်းသည် လက်ရှိတွင် ရီးယဲလ်တိုက်စစ်မှူး ဘာပေထက် ပိုကောင်းပြီး ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်ကြောင်း သုံးသပ်ခဲ့သည်။ 

နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်း(၂၄ နှစ်)သည် ယခုရာသီတွင် ခြေစွမ်းပြနေပြီး ပရီးမီးယားလိဂ် (၃) ပွဲကစားပြီးချိန်တွင် ဟက်ထရစ်(၂) ကြိမ်အပါအဝင် (၇) ဂိုးအထိ သွင်းယူထားသည်။ 

ပြင်သစ်တိုက်စစ်မှူး ဘာပေ(၂၅ နှစ်)မှာမူ ယခုရာသီ ရီးယဲလ်အသင်းတွင် ရုန်းကန်နေရပြီး လာလီဂါ (၄) ပွဲတွင် (၂) ဂိုးသာ သွင်းယူထားနိုင်သေးသည်။ 

ထို့ကြောင့် ရန်းညက်က လက်ရှိတွင် ဟာလန်း က ဘာပေထက် ပိုကောင်းကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

"လွန်ခဲ့တဲ့ လအနည်းငယ်အထိ ဟာလန်းနဲ့ ဘာပေတို့က ကမ္ဘာပေါ်မှာ အကောင်းဆုံးတိုက်စစ်မှူးလို့ ကျွန်တော် ပြောမှာပါ။ ဒါပေမဲ့ အခုအချိန်မှာတော့ ဟာလန်းက အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အခုအချိန်မှာ ဘာပေ က ထိပ်တန်းခြေစွမ်းမပြနိုင်သေးလို့ပါ။ ဟာလန်းဆီမှာ ပြစ်ချက်ရှာဖို့ ခက်ပါတယ်။ လူကောင်ကြီးပြီး မြန်လည်းမြန်တယ်။ လေပေါ်ခုန်နိုင်စွမ်းကလည်း အံ့မခန်းပါပဲ"ဟု ၎င်းက ပြောကြားခဲ့သည်။ 

ဟာလန်းနှင့် ဘာပေတို့ သည် Ballon d'Or ဆုကိုအပြိုင်လုမည့်သူများအဖြစ် သတ်မှတ်ခံထားရသည်။ 

Most Read

Most Recent