သမိုင်းမှာ မရှိခဲ့တဲ့ ဖွင့်ပွဲနဲ့ ပါရီအိုလံပစ်

သမိုင်းမှာ မရှိခဲ့တဲ့ ဖွင့်ပွဲနဲ့ ပါရီအိုလံပစ်
Photo : Getty Images
Photo : Getty Images
Published 25 July 2024
Hein Maung Maung

၃၄ ကြိမ်မြောက်အဖြစ် ကျင်းပမယ့် ၂၀၂၄ ပါရီနွေရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၂၆)ရက်မှာ ကျင်းပမှာဖြစ်ပြီး သြဂုတ်လ(၁၁)ရက်က ပိတ်ပွဲအခမ်းအနား ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ အားကစားပြိုင်ပွဲတချို့က ဇူလိုင်လ (၂၄)ရက်မှာပဲ စတင်ယှဉ်ပြိုင်နေပြီး ဘောလုံး၊ Rugby Sevens၊ လက်ပစ်ဘောလုံး၊ မြားပစ်စတဲ့ အားကစားနည်းတွေ ယှဉ်ပြိုင်နေတာပဲ ဖြစ်တယ်။  ပါရီမြို့က အားကစားပြိုင်ပွဲတွေ အဓိကလက်ခံကျင်းပမယ့်မြို့ဖြစ်ပြီး ပြင်သစ်ကိုလိုနီဖြစ်တဲ့ တဟီတီအပါအဝင် မြို့ကြီး(၁၆)မြို့မှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

 

Most Read

Most Recent