လောက်ကိုင်တွင် MNDAA  အဖွဲ့က ဗမာလူမျိုး ၅၀၀ ခန့်ကို ဖမ်းဆီးထားဟုဆို

လောက်ကိုင်တွင် MNDAA  အဖွဲ့က ဗမာလူမျိုး ၅၀၀ ခန့်ကို ဖမ်းဆီးထားဟုဆို
■ ပုံစာ - လောက်ကိုင်တွင် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးအချို့အား MNDAA က ထုတ်ပြန်ထားမှုတွင်တွေ့ရစဉ်
■ ပုံစာ - လောက်ကိုင်တွင် ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် အပျက်အစီးအချို့အား MNDAA က ထုတ်ပြန်ထားမှုတွင်တွေ့ရစဉ်
Published 29 July 2024

လောက်ကိုင်တွင် MNDAA အဖွဲ့က ဗမာလူမျိုး ၅၀၀ ခန့်ကို ဖမ်းဆီးထားကြောင်း အလုပ်လုပ်ကိုင်နေသူအချို့၏ ပြောကြားချက်အရသည်။

MNDAA အဖွဲ့က ထိန်းချုပ်ထားသည့် လောက်ကိုင်မြို့တွင် ဗမာလူမျိုးများအား ၎င်းင်းတို့၏လုပ်ငန်းရှင်များက ထောက်ခံပေးမှုဖြင့် နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုထားသော်လည်း လတ်တလောတွင် လားရှိုးတိုက်ပွဲများ နှင့်ဆက်စပ်၍ တပ်မတော်က လောက်ကိုင်ရှိMNDAAအဖွဲ့အားတန်ပြန်ဗုံးကြဲတိုက်ခိုက်မှုများရှိခဲ့ပြီး နောက် MNDAA အဖွဲ့က ဗမာလူမျိုးများကို ဖမ်းဆီးနေခြင်းဖြစ်သည်။

လောက်ကိုင်မှာ အခုက တော်တော်လေးကို အခြေအနေဆိုးသွားပြီ။ တော်တော်လေးကို ဆိုးသွားပြီ။ ဘာဆိုးတာလဲဆိုတော့ လောက်ကိုင်မှာအခုဗမာလူမျိုးဆို အကုန်ဖမ်းခိုင်းတယ်ပေါ့နော်။ ကိုယ်ပိုင်စာအုပ်ရှိရှိ မရှိရှိ သူဌေးက ထောက်ခံခံ မခံခံပေါ့။ ဗမာလူမျိုးဆိုတာနဲ့ သူတို့အကုန်ဖမ်းခိုင်းတယ်။ အခုလက်ရှိမှာလည်း လူအယောက် ၄၀၀၊ ၅၀၀ လောက် ဖမ်းထားတယ်ပေါ့။ သူတို့ပြည် သူ့စစ်ရုံးထဲမှာ အဲဒီထဲမှာထည့်ထားတယ် ပေါ့။ ပြန်လွတ်လား၊ မလွတ်လားဆိုတာတော့ ကျွန်တော်လည်း အတိအကျမသိသေးဘူး။ အခုက ဗမာလူမျိုးမှန်ရင် အကုန်ဖမ်းခိုင်းတယ်ပေါ့နော်။ ပြောချင်တာကဗျာ ဗမာလူမျိုးမှန်ရင် အကုန်ဖမ်းခိုင်းတယ်ဟု လောက်ကိုင်တွင် အလုပ်လုပ်ကိုင်နေသည့် ဗမာလူမျိုးတစ်ဦးက လူမှုကွန်ရက်တွင် ရုပ်သံထုတ် လွှင့်ပြောကြားသည်။

လောက်ကိုင်တွင်MNDAA အဖွဲ့က ထိန်းချုပ်ပြီးနောက် ၎င်းင်းတို့သတ်မှတ်ထား သည့် နေထိုင်ခွင့်ကတ်ပြား လုပ်ဆောင်ရပြီး ဇွန်လပထမပတ်မှစတင်ကာ နေထိုင်ခွင့်ကတ်ပြားမရှိသူများကိုလိုက်လံဖမ်းဆီးခြင်း၊ နေ ထိုင်ခွင့်ကတ်ပြားရှိသူများကို ထပ်မံသက်တမ်းတိုးခိုင်းခြင်းလုပ်ဆောင်ခိုင်းလျက်ရှိရာ  အခြားဒေသမှလာရောက်နေထိုင်သူများသည် နေထိုင်ခွင့်ကတ်ပြားဖိုး တရုတ်ယွမ်ငွေ ၃၆၀ အပြင် အာမခံဖြင့်နေထိုင်ရန် ထောက် ခံပေးမည့်သူများ တရုတ်ယွမ်ငွေ ၂၀၀၀ မှ ၅၀၀၀ အထိပေးရကြောင်းလည်း သိရသည်။

 “သူတို့ အစကတည်းက ဗမာလူမျိုးမဝင်ရဘူး ဆိုလို့ရှိရင် ကျွန်တော်ဖြစ်စေချင်တာက ဒီစာအုပ်တွေက ဘာလို့လုပ်ခိုင်းတာလဲ။ စာအုပ်တွေက ဘာလို့လုပ်ခိုင်းတာလဲ။ ကတ်တွေက ဘာလို့လုပ်ခိုင်းတာလဲ။ အခုက စာအုပ်တွေ၊ ကတ်တွေ အကုန်လုပ်ပြီးမှ ဗမာလူမျိုးမှန်ရင် အကုန်ဖမ်းကွာဆိုတာက ဗမာလူမျိုးတွေက ဘာတွေလုပ်နေလို့တုန်း ကျွန်တော်ပြောချင်တာက။ ဖမ်းတဲ့အကြောင်း ပြချက်ကလည်းဗျာ သူတို့အများဆုံးပြောတဲ့ စကားလုံးပေါ့။ အဲဒါဘာလဲဆိုတော့ သတင်းပေးလို့ပေါ့ဗျာ။ သတင်းပေးတဲ့သူတွေရှိ တယ်။ ဗမာလူမျိုးမှန်ရင်အကုန်လိုက်ဖမ်းပေါ့။ ဗမာလူမျိုးတွေ သတင်းပေးနေတယ်။ ဒီလောက်ကိုင်မြို့မှာ ဘာတွေဖြစ်နေတယ်ဆို တာကို သတင်းတွေပေးတဲ့သူတွေရှိတယ် ဆိုပြီးတော့ အကုန်လိုက်ဖမ်းခိုင်းတယ်ပေါ့ နော်။ အခုက ဗမာလူမျိုးက ဘယ်လိုပြောမ လဲ။ အခုက တော်တော်လေးကို မရှိတော့ဘူး ဗျာ။ အခုဆိုရင် ကျွန် တော်လည်း ပြန်ရမှာပေါ့။ လကုန်အထိ တောင်မှ ဘယ်လိုပြောမလဲနေလို့မရဘူးပေါ့ဟု ဗမာလုပ်သားတစ်ဦးက ပြောကြားသည်။

ထို့ပြင် ဗမာလူမျိုးအလုပ်သမားများကိုခေါ်ထားပါ ဒုက္ခရောက်နိုင်သဖြင့် ပြန်ခိုင်းရန် MNDAA အဖွဲ့ဝင်အချို့က လောက်ကိုင်ရှိလုပ်ငန်းရှင်အချို့ကို ပုဂ္ဂိုလ်ရေးအရ သတိ ပေးမှုများလည်းရှိကြောင်းသိရသည်။

လောက်ကိုင်တွင် အလုပ်လုပ်ကိုင်နေသည့် ဗမာလူမျိုးတစ်ဦးက လူမှုကွန်ရက်တွင် ထုတ်လွှင့်ထားသည့် ရုပ်သံဖိုင်တွင် ၎င်းင်းကကျွန်တော် သွားကြည့်သေးတယ်ဗျာ့။ သူတို့ ဖမ်းထားတဲ့နေရာကို သွားကြည့်တယ်ဗျာ။ အပြင်ကနေ လှမ်းကြည့်တာ။ ကျွန်တော် အများကြီးတော့ မမြင်ရပါဘူး။ နည်းနည်းပါးပါးတော့ မြင်ရတယ်ပေါ့နော်။ အခုက ဗမာလူမျိုးတွေကို တော်တော်လေးကို လိုက်ဖမ်းတယ်ဗျာ။ အရင်တုန်းကဆိုရင် ကျွန် တော်တို့ အခုလိုင်းသုုံးတဲ့နေရာပေါ့ဗျာ။လိုင်းသုံးတဲ့နေရာ ရန်လုံကျိုင်း ဘက်ပေါ့။ ရန်လုံ ကျိုင်းဘက်မှာဆို ရင် ဗမာတော်တော်များများ တွေ့တယ်ဗျာ့။ ခုဆိုရင် ဗမာမတွေ့ရတော့ဘူး ပေါ့။ ကျွန်တော်ဆို ဒီဘက်ဘယ်လိုပြောရမလဲ၊ နမ်ဆန်ဂိတ်ဘက်ပေါ့။ အဲဒီဘက်မှာ ကျွန်တော်လာသုံးနေတာ ဖြစ်ပါတယ်။ ဒီဗွီဒီယိုဖိုင်ကိုတွေ့လို့ရှိရင် လောက်ကိုင်မြို့မှာရှိတဲ့ သူတွေ အမြန်ဆုံး ပေါ့။ အမြန်ဆုံးပြန်ကြပါလို့ ကျွန် တော်ပြောချင်ပါတယ်။ ပြီးတော့ အဖမ်းမခံနဲ့။ အဖမ်းမခံနဲ့ဆိုတာက ရှောရှောရှုရှုနဲ့ ပြန်ပို့လို့ရှိရင် ကိစ္စမရှိဘူးဗျာ။ တစ်စုံတစ်ခုခုလုပ်မှာ၊ သူတို့ စစ်ထဲကို ဘယ်လိုပြောမလဲ အလုပ်ခိုင်းတာတို့ ဘာတို့အဲဒီလိုဖြစ်မှာစိုး လို့ပေါ့နော်။ ဘယ်လိုပြောမလဲ ဒီဗွီဒီယိုကို တွေ့လို့ရှိရင်ဗျာ အမြန် ဆုံးပြန်ပါလို့ ကျွန်တော်က ပြောစေချင်ပါတယ်ဟု ပြောကြား သည်။

MNDAA အဖွဲ့အနေဖြင့် ၁၀၂၇ ပထမ အကြိမ် စစ်ဆင်ရေးအတွင်း လောက်ကိုင်မြို့ ကို သိမ်းယူပြီးနောက် လောက်ကိုင်ပွိုင့် ၂၂၀၂ တောင်ကုန်း(ဆင်ဦးကင်းကုန်း)ပေါ်ရှိ ဗုဒ္ဓဘာသာဝင်တို့၏ စေတီတစ်ဆူအား MNDAA  အဖွဲ့ဝင်တစ်ဦးက တူဖြင့်ထုရိုက် ဖြိုဖျက်နေမှုပြုလုပ်ကာ ထိုသို့ပြုလုပ်နေပုံကိုလည်း အများမြင်စေရန် လူမှုကွန်ရက်တွင် ဖြန့်ချိခဲ့သည်။

ထို့အတူ ဘုရားစေတီအချို့ရှိ ဆင်းတုတော်ကြီးများပေါ်သို့ ဖိနပ်ဖြင့်တက်ကာ ဓာတ်ပုံအရိုက်ခံနေသည့်ပုံများလည်း လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။

ထို့ပြင် လောက်ကိုင်မြို့တွင် မြန်မာနိုင်ငံဒေသအသီးသီးမှ လာရောက်လုပ်ကိုင်သူများနေထိုင်သည့် ဗမာတန်းအလယ်လမ်းရှိ အဆောက်အအုံများကို မြို့စည်ပင်သာယာရေး အကြောင်းပြချက်ဖြင့် MNDAA အဖွဲ့က ၂၀၂၄ ခုနှစ် မတ်လအတွင်း ဖြိုဖျက်ခဲ့သည်။

အဆိုပါ ဗမာတန်းဟုခေါ်သည့် ပေါင်ဖုန်းလမ်းရှိ နေအိမ်ဆိုင်ခန်းများမှာ ဗမာလူမျိုး ပိုင် နေအိမ်ဆိုင်ခန်းအနည်းငယ်သာ ပါဝင်သော်လည်း ဗမာပစ္စည်းများကို အဓိကရောင်းချသည့် နေရာလည်းဖြစ်သည်။

MNDAA အဖွဲ့အနေဖြင့် လောက်ကိုင် မြို့သို့ ဗမာလူမျိုးများဝင်ရောက်မှုကို တင်းကျပ်ထားသည့်အပြင် ချင်းရွှေဟော်၊ သိန္နီ၊ ကွတ်ခိုင်၊ ကွမ်းလုံဒေသများတွင်လည်း  ဗမာလူမျိုး ကားမောင်းသူများကို သွားလာမှုတင်း ကျပ်ထားသည်။

 

Most Read