နည်းပြ အာနယ်ဆလော့ကို သက်သေပြရန် အဆင်သင့်ဖြစ်နေပြီဟု ကာဗယ်လ်ဟို ဆို

နည်းပြ အာနယ်ဆလော့ကို သက်သေပြရန် အဆင်သင့်ဖြစ်နေပြီဟု ကာဗယ်လ်ဟို ဆို
Photo: Anfield Sector
Photo: Anfield Sector
Published 29 July 2024

လီဗာပူးလ်အသင်း၏ တိုက်စစ်ကစားသမား ဖေဘီယိုကာဗယ်လ်ဟိုက မိမိအနေဖြင့် အသင်းတွင် ရှိနေရန်အတွက် လုံလောက်သည့်အရည်အသွေးရှိကြောင်း နည်းပြ အာနယ်ဆလော့ကို သက်သေပြရန် အဆင်သင့်ဖြစ်နေပြီဟု ပြောကြားခဲ့သည်။

ပေါ်တူဂီကစားသမား ကာဗယ်လ်ဟို(၂၁ နှစ်)သည် ပြီးခဲ့သည့်ရာသီတွင် လိုက်ပ်ဇစ်အသင်းနှင့် ဟားလ်စီးတီးအသင်းတို့ထံ ရာသီဝက်စီ အငှားချခံခဲ့ရသူဖြစ်သည်။

ကာဗယ်လ်ဟိုက လာမည့်ရာသီတွင် လီဗာပူးလ်အသင်း၌ နေရာလုတိုက်ပွဲဆင်နွှဲရန် ဆန္ဒရှိနေပြီး ယင်းအတွက် သက်သေပြရန် အသင့်ဖြစ်နေပြီဟု ဆိုခဲ့ခြင်းဖြစ်သည်။

၎င်းက No.10 Role တွင် ကစားရန် ပိုမိုစိတ်အားထက်သန်သော်လည်း အာနယ်ဆလော့က ၎င်းကို တောင်ပံ၌သာ အသုံးပြုရန် ပိုမိုဆန္ဒရှိနေကြောင်းလည်း သိရသည်။

Most Read