ဆန်ချိုကို မန်ယူအသင်း စျေးနှုန်းသတ်မှတ်

ဆန်ချိုကို မန်ယူအသင်း စျေးနှုန်းသတ်မှတ်
Photo: Fabrizio
Photo: Fabrizio
Published 25 July 2024

မန်ယူအသင်းသည် PSG အသင်းက ခေါ်ယူရန်စိတ်ဝင်စားနေသည့် တိုက်စစ်ကစားသမား ဆန်ချိုကို ပေါင်သန်း (၄၀)ဟု စျေးနှုန်းသတ်မှတ်လိုက်ကြောင်း သိရသည်။

မန်ယူနည်းပြ တန်ဟက်ဂ်သည် ဆန်ချိုနှင့်ပြဿနာကိုဖြေရှင်းပြီဖြစ်ကြောင်း ပြောကြားထားသော်လည်း မန်ယူအသင်းသည် ၎င်းကို ရောင်းထုတ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

လက်ရှိတွင် ဆန်ချိုအားခေါ်ယူရန် ပြင်သစ်ထိပ်သီး PSG အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။

မန်ယူအသင်းသည် ဆန်ချိုကို ၂၀၂၁ ခုနှစ်တွင် ဒေါ့မွန်အသင်းမှ ပေါင်(၇၃) သန်းဖြင့် ခေါ်ယူခဲ့သော်လည်း ယခုအခါ အရှုံးခံကာ ပေါင်သန်း (၄၀)ဖြင့်ပြန်လည်ရောင်းထုတ်မည်ဖြစ်သည်။