သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိသည့် မြေဧရိယာ ၁၅၉၉၃၆၄ ဧကကို ပြန်လည်သိမ်းဆည်း

သတ်မှတ်ကာလအတွင်း အကောင်အထည်ဖော် ဆောင်ရွက်မှုမရှိသည့် မြေဧရိယာ ၁၅၉၉၃၆၄ ဧကကို ပြန်လည်သိမ်းဆည်း
Published 11 July 2024

 

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၄) ကြိမ်မြောက် အစည်းအဝေးပြုလုပ်စဉ်

သတ်မှတ်ကာလအတွင်း အကောင်အ ထည်ဖော်ဆောင်ရွက်မှုမရှိသည့် မြေဧရိယာ ၁၅၉၉၃၆၄ ဧကကို ပြန်လည်သိမ်းဆည်းခဲ့ ကြောင်း မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံ ခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်က ပြောကြားသည်။

          ဇူလိုင် ၁၀ ရက်က နေပြည်တော်ရှိ စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၌ ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့် မြေ ရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၄)ကြိမ်မြောက်အစည်းအဝေး၌ ပြည်ထောင်စု ဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

          ဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန် ကြီးက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုး သားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်း ပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါ များရေးကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိကြောင်း၊ ဆီအုန်းစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများကိုလည်း အောင်မြင်ဖြစ် ထွန်းအောင် ဆောင်ရွက်ကြရန်နှင့် စိုက်ပျိုး ရန် ခွင့်ပြုပေးထားသည့်မြေများကို စနစ်တ ကျ အသုံးချရန်လိုကြောင်း၊ စိုက်ပျိုးရေးလုပ် ငန်းနှင့် မွေးမြူရေးလုပ်ငန်းသည် ဆက်စပ် လျက်ရှိပြီး နိုင်ငံ့ ွီဏ တိုးတက်ရေးနှင့် ဆက် စပ်မှုများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက် ခြင်းဖြင့် နိုင်ငံ၏ GDP တိုးတက်လာမည်ဖြစ် ကြောင်း၊ ထို့ပြင် မြေယာနှင့် မြေလွတ်မြေရိုင်း အသုံးချမှုများကိုလည်း တည်ဆဲဥပဒေနှင့်အ ညီ ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရက လမ်း ညွှန်မှုပြုထားကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများ အနေဖြင့် သတ်မှတ်ကာလအတွင်း စည်း ကမ်းချက်နှင့်အညီ အပြည့်အဝစိုက်ပျိုးမွေး မြူလုပ်ကိုင်ဆောင်ရွက်အသုံးပြုရန်အတွက် ကော်မတီဝင်များအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသိပညာပေးဆွေးနွေး ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

          ဆက်လက်ပြီး ၂၀၁၂ ခုနှစ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းပြီးနောက် မြေလွတ်၊ မြေလပ်နှင့်မြေ ရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီက စုစု ပေါင်း မြေဧရိယာ ၂၇၄၁၂၇၉ ဧကကို လုပ် ပိုင်ခွင့်၊ အသုံးပြုခွင့်များချထားပေးခဲ့သော် လည်း သတ်မှတ်ကာလအတွင်း အကောင် အထည်ဖော် ဆောင်ရွက်မှုမရှိသည့် မြေဧရိ ယာ ၁၅၉၉၃၆၄ ဧကကို ပြန်လည်သိမ်းဆည်း ခဲ့ရကြောင်း၊ ထိုကဲ့သို့ ပြန်လည်သိမ်းဆည်းရန် ဆောင်ရွက်ရသည့် လုပ်ငန်းရပ်များအတွက် အသုံးပြုရသည့် အချိန်နှင့်ငွေကြေးကို ချွေ တာနိုင်စေရန် မိမိတို့ကော်မတီနှင့် ပြည် ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး/ပြည်နယ် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီများအနေဖြင့် လုပ်ပိုင်ခွင့်၊ အ သုံးပြုခွင့်လျှောက်ထားလာသူ၏ အမှန်တ ကယ် အကောင်အထည်ဖော် လုပ်ကိုင်ဆောင် ရွက်နိုင်မည့် ဧရိယာပမာဏကို စနစ်တကျ စိစစ်ခွင့်ပြုပေးရန် လိုအပ်ကြောင်း၊ အလား တူ ယခင်လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများ ထံမှ မြေခွန်တော်ကင်းလွတ်ခွင့်ကာလ ကုန် ဆုံးပြီးနောက် ကောက်ခံရမည့်နှစ်စဉ်ကြေး မြေခွန်စည်းကြပ် ကောက်ခံနိုင်ရေးကိုလည်း ကြပ်မတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မြေ ခွန်တော် ေ<ကးကျန်ဖြစ်ပေါ်ခြင်းနှင့် သတ် မှတ်ထားသော စည်းကမ်းချက်များကို လိုက် နာခြင်းမရှိပါက ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့်ပေးထားသည့် မြေကို ပြန်လည်သိမ်းဆည်းခြင်း၊ ပေးသွင်း ထားသောအာမခံကြေးကို နိုင်ငံတော်ဘဏ္ဍာ ငွေအဖြစ် သိမ်းဆည်းခြင်းများအပြင် တည် ဆဲဥပဒေများအရ တိတိကျကျအရေးယူ ဆောင်ရွက်ရန်လိုကြောင်း ၎င်းင်းက ပြောကြား သည်။

          ထို့နောက် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်း များ စီမံခန့်ခွဲရေးဗဟိုကော်မတီအတွင်းရေးမှူးက အစည်းအဝေးတွင် ဆွေးနွေးဆောင် ရွက်ရမည့် လုပ်ငန်းရပ်များကိုတင်ပြခဲ့ကြ ကြောင်း သိရသည်။

          အဆိုပါကျင်းပသည့် မြေလွတ်၊ မြေလပ် နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၁၄) ကြိမ်မြောက် အစည်းအဝေးတွင် သက် ဆိုင်ရာဝန်ကြီးဌာနများက သဘောထားမှတ် ချက်ပြန်ကြားလာသည့် လုပ်ငန်းစာတွဲများ စိစစ်တင်ပြခြင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေ ရိုင်းများ၌ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက် ထားလာမှုများအပေါ် စိစစ်တင်ပြလာသည့် လုပ်ငန်းစာတွဲများနှင့် ပတ်သက်သည့်ကိစ္စ ရပ်များအပေါ် ဆွေးနွေးဆောင်ရွက်ခဲ့ကြ သည်။

          အစည်းအဝေးသို့ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဗဟို ကော်မတီဝင်များ၊ အထူးဖိတ်ကြားထားသူ များ တက်ရောက်ကြကြောင်း သိရသည်။

Most Read

Most Recent