အမေရိကန်ဇာတ်လမ်းတွဲသရုပ်ဆောင် ဂျွန်နီဝက်တာ လော့စ်အိန်ဂျလိစ်မြို့လယ်တွင် ပစ်သတ်ခံရ

အမေရိကန်ဇာတ်လမ်းတွဲသရုပ်ဆောင် ဂျွန်နီဝက်တာ လော့စ်အိန်ဂျလိစ်မြို့လယ်တွင် ပစ်သတ်ခံရ
Photo: News 18
Photo: News 18
Published 29 May 2024

General Hospital ရုပ်သံဇာတ်လမ်းတွဲမှ သရုပ်ဆောင်ဂျွန်နီဝက်တာသည် လော့စ်အိန်ဂျလိစ်တွင် ကားသူခိုးများနှင့်တွေ့ပြီး ပစ်သတ်ခံလိုက်ရသည်ဟု ကျန်ရစ်သူမိသားစုက မေ ၂၆ ရက်တွင်ကြေညာလိုက်သည်။

LA မြို့လယ်တွင် မေ ၂၅ ရက် မနက်သုံးနာရီဝန်းကျင်ခန့်က အခင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၇ နှစ်အရွယ်ရှိဝက်တာက ၎င်း၏ကားမှပစ္စည်းတစ်ခုခု ဖြုတ်ခိုးရန်ကြိုးပမ်းနေသည့် သူခိုးနားချဉ်းကပ်သွားစဉ် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။ပစ်ခတ်သူက နောက်အမျိုးသားနှစ်ဦးနှင့်အတူ နေရာမှထွက်ပြေး လွတ်မြောက်သွားသည်။

မိခင်ဖြစ်သူပြောပြချက်အရ ဝက်တာသည် ၎င်းအလုပ်ဝင်လုပ်နေသည့် ဘားမှအပြန် လုပ်ဖော်ကိုင်ဖက်မိန်းကလေးတစ်ဦးနှင့် လျှောက်လာရင်း ၎င်း၏ကားနားတွင် လူတစ်ဦးကိုတွေ့သဖြင့် ကားကိုကြိုးဖြင့်ဆွဲခံရတော့မည်သာ ထင်ခဲ့သည်။ထို့ကြောင့်အနားကပ်ကာ အကြောင်းရင်းကို သွားမေးရာမှ မျက်နှာဖုံးနှင့်ကားသူခိုး၏ ပစ်ခတ်မှုကိုခံလိုက်ရသည်။ ဝက်တာသည် ဆေးရုံတွင်ဆုံးသွားသည်။

၂၀၂၀ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ABC မှပြသသည့် လူမှုဘဝသရုပ်ဖော်ရုပ်သံဇာတ်လမ်းတွဲ General Hospital အပြင် အခြားဇာတ်လမ်းတွဲအချို့၌လည်း ၎င်းပါဝင်ခဲ့သည်။

Most Read

Most Recent