Miss Grand International 2024 ကို မြန်မာနိုင်ငံတွင် ကျင်းပတော့မည်မဟုတ်ဘဲ အိမ်ရှင်နိုင်ငံကို ထပ်မံကြေညာမည်ဟုဆို

Miss Grand International 2024 ကို မြန်မာနိုင်ငံတွင် ကျင်းပတော့မည်မဟုတ်ဘဲ အိမ်ရှင်နိုင်ငံကို ထပ်မံကြေညာမည်ဟုဆို
Published 23 May 2024

Miss Grand International 2024 ကို မြန်မာနိုင်ငံတွင် ကျင်းပတော့မည်မဟုတ်ဘဲ အိမ်ရှင်နိုင်ငံကို ထပ်မံကြေညာမည်ဟု Miss Grand International က သတင်းထုတ်ပြန်သည်။

Miss Grand International 2024 ကို မြန်မာနိုင်ငံတွင် ကျင်းပတော့မည်မဟုတ်ကြောင်း၊ လက်ခံကျင်းပမည့် အိမ်ရှင်နိုင်ငံကို ထပ်မံကြေညာမည်ဖြစ်ကြောင်း Miss Grand International က သတင်းထုတ်ပြန်သည်။

Miss Grand International 2024 ကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ရန် ရွေးချယ်ခံထားရသူမှာ အလှမယ် သဲစုညိမ်းဖြစ်သည်။

ယခင်နှစ်က ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် Miss Grand International 2023 ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် အလှမယ်နီနီလင်းအိမ်က ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့သော အလှမယ်နီနီလင်းအိမ်သည် Country!s Power of the Year 2023၊ Miss Popular Vote Winner၊ Miss Grand International Pageant Insider Winner-MGI 2023၊ Global Beauties Miss Photogenic 2023 ဆုများ အသီးသီးရရှိခဲ့သည်။

ထို့ပြင် Best National Costume၊ Best in Swimsuit ဆုတို့တွင်လည်း Top Ten 10  စာရင်းဝင်ခဲ့ပြီး အလှမယ်နီနီလင်းအိမ်သည် Country!s Power of the Year 2023ဆုကို အိမ်ရှင် ဗီယက်နမ်အလှမယ်ဖြစ်သူ LE HOANG PHUONG နှင့် နောက်ဆုံးယှဉ်ပြိုင်ခဲ့ရပြီး Top 20 စာရင်းဝင်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် Miss Popular Vote winner  ဆု ဆုထပ်မံရရှိခဲ့ပြီး Grand Final တွင် Top Ten 10 စာရင်းဝင်ခဲ့ကြောင်း သိရသည်။

Miss Grand International ပြိုင်ပွဲကို ထိုင်းနိုင်ငံသားမှ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ပြိုင်ပွဲကို စတင်ကျင်းပခဲ့ပြီး Miss Grand International 2023 ဆုရှင်မှာ ပီရူးအလှမယ်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent